လက်ရှိပြည်တွင်း မိုးရွာသွန်းမှုတွေက ပရိသတ်တွေမကြာခနကြားသိနေရသလိုပဲဖြစ်နေပါတယ်။ လက်ရှိ မြန်မာပြည်အထက်ပိုင်းရောအောက်ပိုင်းမှာပါ မိုးရေကြီးမှုတွေဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခသည်များစွာရှိခဲ့ကြောင်း သိရပါတယ်။ 

လက်ရှိ ရခိုင်ပြည်နယ် မိုးရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများစွာထိခိုက်ခဲ့ရကြောင်း သိရပါတယ်။ မနေ့က ရရှိခဲ့တဲ့ သတင်းတွေမှာတော့ သွားလာရန်ကားလမ်းများ ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးအတွက် ဒုက္ခများစွာရှိခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ မိုးဆက်တိုက်ရွာသွန်းမှုကြောင့်လည်း သွားလာရာလမ်းများ ရေကြီးခဲ့ပြီး မော်တော်ယာဉ်များစွာ နစ်မြုပ်နေတာတွေ့ရပါတယ်။  

လက်ရှိ ကယ်ဆယ်ရေးယာဉ်များနှင့်အတူ ကူညီဆောင်ရွက်လျှက်ရှိပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် အခတ်အခဲများစွာရှိနေကြောင်း တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် လက်ရှိရွာသွန်းနေတဲ့ မိုးရေကြောင့် ရေဘေးဒုက္ခရောက်နေတဲ့ ရခိုင်ပြည်နယ်ဒေသအချို့ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Thein Naing Oo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။