မျိုးကိုကိုစန်းကို ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က တရားစွဲဟုဆို

မန္တလေးမြို့က 2014 Miss International Queen Myanmar မျိုးကိုကိုစန်းကို ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

မကြာမီ ရက်ပိုင်းအတွင်း Cele Cele Small အမည်ရ Page တစ်ခုမှ ဝတ်မှုန်ရွှေရည်အား ဂုဏ်သိက္ခာထိခိုက်စေသော အရေးအသားအပြောအဆိုတွေနဲ့ ရေးသားပြောဆိုခဲ့ပြီး ယခု မျိုးကိုကိုစန်းကို ထိန်းသိမ်းထားရတဲ့ အကြောင်းဟာလည်း ၄င်းကိစ္စနဲ့ ဆက်စပ်နေပါတယ်။

“တရားလိုက ရုပ်ရှင်မင်းသမီးဝတ်မှုံရွှေရည်လို့ ရန်ကင်းမြို့နယ် တရားသူကြီးကို်ယ်တိုင်ပြောသွား တယ်။ တခြားဟာတော့ ကျွန်တော်တို့လဲ မသိသေးဘူး။ တရားရုံးမှာ စကားပြောခွင့်မရသေးဘူး။ အခု စခန်းကို ပြန်ပို့လိုက်တယ်”လို့ သည်အမှုှမှာ ပါဝင်ကူညီပေးနေတဲ့ ရှေ့နေတစ်ဦးကပြောပါတယ်။

ယနေ့နေ့လည်ပိုင်းက တရားရုံးထုတ်တာဖြစ်ပြီး ရမန်(ချုပ်ရက်) ပြန်ယူလိုက်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မျိုးကိုကိုစန်းကို ရန်ကုန်မြို့ရှိ ရန်ကင်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သိရပါတယ်။

“သူက တတိယလိင်ဖြစ်နေလို့ အမျိုးသားနဲ့ရော၊ အမျိုးသမီးနဲ့ရော ရောမထားဘဲ သီးသန့်ထားပါ တယ်။ စခန်းမှာရှိတဲ့အချုပ်ထဲကိုလဲ ဝင်ကြည့်ပြီးသွားပြီ။ သူ့တစ်ယောက်တည်းဘဲ။ ဘယ်သူမှမရှိဘူး။ သူ့မိသားစုကိုတော့ အကြောင်းကြားပြီးပြီလို့ပြောတယ်”လို့ သည်အမှုှမှာ ပါဝင်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ယခုလ ၁၇ ရက်၊ ညပိုင်းက ဘန်ကောက်ကနေပြန်လာတဲ့ မျိုးကိုကိုစန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရပ်ဝတ်နဲ့ရဲတပ်ဖွဲ့ဝင်တချို့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ LGBT အရေးဆောင်ရွက်သူ၊ Civil Authorize Negotiate Organization ဥက္ကဌ ကိုဆည်းဆာညီညီကပြောပါတယ်။

Source: Kumudra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။