သြစတေးရီးလျနိုင်ငံ ဗစ်တိုရီးယားမြိုကအနားမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၈၀လောက်က ငါးမန်းမျိုးစိတ်တွေထဲက တစ်ခု ဖြစ်တဲ့ ငါးမန်းတစ်ကောင်ကို ဖမ်းဆီးရရှိမိခဲ့ပါတယ်။ ထိုငါးကို ငါးဖမ်းပိုက်နဲ့ ဖမ်းလိုက်စဉ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဘယ်လိုငါးအမျိုးအစားထဲကလည်းဆိုတာ မသိခဲ့ကြဘူးလို့ ဆိုပါတယ်။ 

အဆိုပါ ငါးပုံစံဟာ အသားစားငါးပုံစံမျိုး ဖြစ်နိုင်ပြီး ကျောရိုးတွင် ဆူးတောင်များလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အထူးခြားဆုံးကတော့ အဆိုပါငါးရဲ့ သွားတွေ ဖြစ်ပြီး သွားအချောင်းပေါင်း ၃၀၀ ကျော်ပါရှိကာ သွားအတန်းပေါင်း ၂၅တန်း ပါရှိပါတယ်။ ထိုငါးမန်းပုံစံ ငါးကို ရေအောက် ၇၀၀ မီတာ တွင် ဖမ်းမိခဲ့တာ ဖြစ်ပြီး အရှည် ၂မီတာ လောက်ရှိပါတယ်။  

ထိုငါးရဲ့ မေးရိုးတွေ အလွန်ရှည်လျား ပြီး များပြားလှတဲ့ သွားတွေ ကြောင့် ဖမ်းမိတဲ့ သားကောင်ကို ပြန်မထွက်သွားနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ ယခုဖမ်းမိတဲ့ ငါးမန်းမျိုးစိတ်ငါး ဟာ ပြီးခဲ့တဲ့ နှစ်သန်း ပေါင်း (၈၀) က အသက်ရှင် ကျန်ရစ်တဲ့ သတ္တဝါတွေထဲက တစ်ကောင် ဖြစ်နိုင်ပြီး ဒီလိုမျိုး ရှင်သန်ခဲ့တာ နှစ်ကောင်လောက်သာ ရှိပါတော့တယ်။ 

Source : Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။