မေလ ၂၆ ရက်က တရုတ်နိုင်ငံ မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးပွဲမှာတော့ တရုတ်အသင်းက မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာတော့ မြန်မာအသင်းဟာ နည်းပြသစ်နဲ့ပွဲထွက်ခဲ့ပြီး ခြေစွမ်းကောင်းမွန်သော်လဲ ရှုံးနိမ်ခဲ့ပါတယ်။အဆိုပါ ပွဲ စဉ်မှာ ကွင်းအတွင်းကို ဆွဲကြိုးဝှက်သယ်ယူလာတဲ့ တရုတ်ကစားသမားသမားတဦးကို တရုတ်ဘောလုံးအဖွဲ့ချုပ်က တစ်နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ 

နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်က ကွင်းအတွင်း ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် စတဲ့ လက်ဝတ်ရတနာတွေကို ကွင်းအတွင်းမယူဆောင်ဖို့ ပြောကြားထားပါတယ်။ ဒါပေမဲ့လဲ အဆိုပါ ကစားသမားက ဆွဲကြိုးယူဆောင်ခဲ့တာကြောင့် ပြစ်ဒဏ်အနေဖြင့် တရုတ်ဘောလုံးအဖွဲချုပ်က ၁နှစ်ပွပြယ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

အဆိုပါ ကစားသမားကတော့ တရုတ်စူပါလိဂ် ရှန်ဟိုင်း SIPG ကလပ်အသင်း နောက်ခံကစားသမား ဝန်ရှန်ချာအိုဆိုသူဖြစ်ပြီး ရှန်ဟိုင်းကလပ်အသင်းကလည်း အဆိုပါကစားသမားကို ဒေါ်လာ ၃၁၂၃ နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၂၀၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။ အဆိုပါ ကစားသမားကတော့ သူရဲ့ လုပ်ရပ်က ဒီလောက်အထိ ဖြစ်မယ်လို့ မထင်ကြောင်းနဲ့ သူရဲ့ လုပ်ရပ်အတွက်လဲ ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

source : DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။