မြေထဲပင်လယ်မှာ ရပ်ထားရတဲ့ ရွေ့ပြောင်းဝင်ရောက်သူတွေပါတဲ့ ကယ်ဆယ်ရေး သင်္ဘော တစင်း ကို စပိန်အစိုးရက လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုသို့လက်ခံခဲ့မှုကိုတော့

အီတလီ ပြည်ထဲရေး ဝန်ကြီးကပါ ကြိုဆိုခဲ့တာပဲဖြစ်ပါတယ်။

မစ္စတာ ဆယ်လ်ဗီနီကတော့ ပြဿနာ ပြေလည်သွားအောင် စိတ်နှလုံးကောင်းနဲ့ ကူညီခဲ့တဲ့ စပိန် အစိုးရကိုကျေးဇူးတင်ပေမယ့် ဥရောပ သမဂ္ဂအနေနဲ့ အခုလို စိတ်နှလုံးကောင်းမှုကို အခြေခံပြီး ဒီပြသနာကို ဒီအတိုင်းဆက်ထားနေဖို့ မသင့်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

သာမန်လူထုကို ကိုယ်စားပြုတဲ့ ညွှန့်ပေါင်း အစိုးရသစ်ဟာ သူတို့တာဝန်ယူထားတဲ့ တပတ်တာ ကာလအတွင်းမှာ လွန်ခဲ့တဲ့ ခုနစ်နှစ်က ကျန်ရှိခဲ့တဲ့ပြသနေ တွေကို ပိုမို ရှင်းလင်း နိုင်ခဲ့တယ်လို့ Matteo Salvini က ပြောကြားခဲ့ပါတယ်။

ရွေ့ပြောင်းသူခြောက်ရာကျော်ပါတဲ့ ကယ်ဆယ်ရေး သင်္ဘော Aquarius ကို အီတလီနဲ့ မော်လတာနိုင်ငံတို့ကတော့ သူတို့နိုင်ငံအတွင်းက ဘယ်ဆိပ်ကမ်းမှာမှ ကပ်ခွင့်မပေးခဲ့ပါဘူး။

အခုတော့ ဒီသင်္ဘော ဟာ စပိန်က ဗယ်လန်ဆီယာ ဆိပ်ကမ်းကို ခုတ်မောင်း သွားပေမယ့် သုံးရက်ခရီး အတွင်း စက်သုံးဆီအလုံအလောက် ရှိရဲ့လားဆိုတာ သေသေချာချာ မသိရသေးပါဘူးလို့သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။