နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းဆုတစ်ယောက် သူမရဲ့ Gym ဆော့ နေတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်လိုက်တာပဲ ဖြစ်ပါတယ်။ ပင်ပန်းနေတာတောင် ချစ်စရာကောင်းလွန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေက တကယ်ကိုအသည်းယားချင်စဖွယ်ပါပဲ။ အဝါရောင်အင်္ကျ ီ အပါးလေးကို ဝတ်ထားပြီး ချစ်စဖွယ်သူမရဲ့အပြုံးလေးတွေက စွဲမက် ချင်စရာပါပဲ။

သူမဟာ အနုပညာလောကနဲ့ ဂီတလောက နှစ်ခုလုံးမှာ အောင်မြင်တဲ့ အဆိုတော် သရုပ်ေ ေဆာင်တစ်ဦးလည်းဖြစ်ပါတယ်။ အဆိုတော် G-Fatt နဲ့ လည်း ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ အတူတူလျောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ လက်တွဲလာခဲ့တာ တစ်နှစ်ကျော်ကာလကို တိုင်ခဲ့ပြီဖြစ်ပါတယ်။

သူမရဲ့ Gym ကစားနေတဲ့ ပုံရိပ်လေးတွေကို " မောတယ် ရေလာတိုက် " ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ချစ်ဖို့ကောင်းပြီး အပြစ်ကင်းစင်လွန်းတဲ့ သူမရဲ့ပုံရိပ်လေး တွေက ပရိသတ်တွေကို အမြဲတမ်းအပြည့်အဝဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ လည်း နန်းဆုရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။