တခါတလေတော့ လည်း မိမိတို့ နေထိုင်တဲ့ သက်ရှိကမ္ဘာကြီးမှာ အချိန်ကုန် မေ့မြောမနေပဲ စကြဝဠာကြီးအပြင်ဘက် ဘာတွေ ရှိသလဲ လူတိုင်း စိတ်ကူးယဉ်ဖူးကြမယ်ထင်ပါတယ်။  ကမ္ဘာမြေကြီး ဆုံးခန်းတိုင်ပြီး ပျက်စီးသွားမယ်ဆို သက်ရှိလူသားတွေအတွက် နေစရာဂြိုလ်ကော ရှိရဲ့လား လို့   လည်း မကြာခဏ စိုးရိမ်မိကြမယ် ထင်ပါတယ်။ 

စကြဝဠာကြီးရဲ့ Solar System မှာ နေမင်းကြီးအပြင် ဂြိုလ် (၉) လုံးရှိပါတယ်။ ယခု မိမိတို့ အတူတကွ နေထိုင်တဲ့ ဂြိုလ်ကတော့ Earth လို့ခေါ်တဲ့ကမ္ဘာဂြိုလ်ဖြစ်ပြီးသက်ရှိတွေနေထိုင်နိုင်တဲ့ တစ်ခုသော ဂြိုလ်ပါ။ ဂျူပီတာ(Jupitar) ဂြိုလ်ကတော့ အကြီးဆုံးဖြစ်ပြီး Mercury ၊pluto ၊ Mars ၊Saturn၊ Uranus ၊ Venus၊ pluto စသဖြင့် ကျန်တဲ့ ဂြိုလ်လေးတွေက ဂြိုလ်ငယ်လေးတွေ ဖြစ်ပါတယ်။ 

ခုဖော်ပြပေးချင်တာကတော့ Jupitar ဂြိုလ်အကြောင်းပါ။ jupitar ဟာ နေရဲ့ ပတ်လမ်း 5 ခုမြောက်မှာရှိတဲ့ ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ hydrogen ငွေ့ ရည်တွေနဲ့ ပေါင်းစပ်ထားတဲ့ ကျောပ်စိုင်ကျောက်ခဲကဲ့သို့သော ထုထည် ရှိတဲ့ ဂြိုလ်တစ်လုံးဖြစ်ပါတယ်။

မျက်နာပြင် ဧရိယာ 6.1419×10\10 km2 ကျယ်ဝန်းပြီး  ကမ္ဘာမြေရဲ့ထုထည်ထက်  (317.8 )ဆ ကြီးပါတယ်။ လ(Moon) နဲ့ Venus ဂြိုလ်ပြီးရင် တတိယ အတောက်ပဆုံး ဂြိုလ်လည်းဖြစ်ပါတယ်။

2018 ခုနှစ် NASA (The National  Aeronautics and Space Administration) အဖွဲ့စည်းရဲ့ အာကာသ ထုတ်ပြန်ချက် ဓာတ်ပုံများအရ jupitar ဂြိုလ်ဟာ လိုတာထက် အလင်းတွေ ဖြာထွက် ထုတ်လွင်မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ဒီရဲ့ အလင်းရောင်တောက်ပတွေမှုတွေဟာ ဂြိုလ်ရဲ့ ဝင်ရိုးစွန်းနဲ့ မြောက်ဘက်စက်လုံးခြမ်းတွေမှာ ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။လျှပ်စီး ကဲ့သို့သော အရောင်တွေ တလက်လက် ထွက်ဖြာနေမှုကြောင့် NASA အဖွဲ့စည်း တို့က ကြုံတောင်ကြုံခဲမို့  အံဩခဲ့ရပါတယ်။

Source: CGTN news;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။