လက်ရှိအနုပညာလောကမှာ နာမည်လေးရလာတဲ့ မော်ဒယ်မလေး အေးချမ်းမိုးကတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။သူမကတော့ Miss Universe Myanmar 2013အလှမယ်ဟောင်းတစ်ဦးဖြစ်ပြီးသရုပ်ဆောင်ပိုင်းမှာပါ ဇာတ်ကားတွေရိုက်ကူးဖူးသလို ပညာရေးအနေနဲ့လည်း ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ယခုအခါမှာတော့ သူမကတော့ အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ် လုပ်ကိုင်လျက်ရှိနေတယ်လို့လည်းသိရပါတယ်။သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ရလို့လည်းပျော်နေတယ်လို့ လည်းသိရပါသေးတယ်။သူမရဲ့လှပနေတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ဓာတ်ပုံလေးတွေကတော့ တကယ့်ကိုရိုးရိုးရှင်းရှင်းလေးနဲ့ လှနေတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ဓာတ်ပုံလေးတွေမြင်ရတဲ့ ပရိသတ်တွေတိုင်းရင်ကိုအေးမျှစေနိုင်တဲ့ ဓာတ်ပုံလေးတွေပါ။သူမရဲ့ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြဖို့မမေ့နဲ့အုံးနော်...

သတင်းအရင်းအမြစ်-အေးချမ်းမိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။