လက်ရှိအနုပညာလောကမှာ ပရိသတ်အခိုင်အမာရှရှိထားတဲ့ အနုပညာရှင်တွေထဲမှာတော့ အဆိုတော်ပိုပိုတစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။တေးသီချင်းကောင်းတွေကို သီဆိုတက်သလို ကောင်းမွန်တဲ့ သူမရဲ့အသံကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။သူမကတော့ ကုသိုလ်ကောင်းမှုတွေကို မကြာခဏဆိုသလိုပြုလုပ်တက်ပြီး ယခုအခါမှာလည်း သူမအနေနဲ့ အမြဲတမ်းဆွမ်းလောင်းမပျက်ဘူးလို့ လည်းသိရပါတယ်။

ယခုလို ကုသိုလ်ကောင်းမှုတွေပြုလုပ်တက်တဲ့ သူမရဲ့အကျင့်လေးက ပရိသတ်တွေကို အချစ်ပိုစေမှာလည်းဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"အိမ်မှာ ချက်မဲ့သူတွေ ပြန်သွားတော့ဆွမ်းလောင်း မပျက်ချင်တော့ ဘယ်လောက်ပင်ပန်းနေပါစေ မိုးလင်းတာနဲ့ ကိုယ်တိုင် ချက်ပြုတ် ကြော်လှော် လှူဒါန်း စိတ်ချမ်းသာပါတယ် သာသနာပြုနိုင်တဲ့ သူဖြစ်ပါရစေ ရှင် မနက်စာတော့ ၁၀ နာရီခွဲမှ စားရပြီ "ဆိုတဲ့စာသားလေးနဲ့

ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။

လတ်ရှိအနုပညာအလုပ်တွေအနေနဲ့လည်း သီချင်းသစ်တွေကို ဖန်တီးနေတယ်လို့လည်းသိရပါတယ်။ယခုလို ကုုသိုလ်ကောင်းမှုတွေပြုလုပ်နေတာလေးက တကယ့်ကို အတုယူစရာကောင်းလှပါတယ်။သူမရဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေအနေနဲ့ သာဓုခေါ်နိုင်ဖို့လည်းတိုက်တွန်းပရစေ။

သတင်းအရင်းအမြစ်-ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။