တရုတ်အခြေစိုက် နာမည်ကြီး Xaomi ကုမ္ပဏီကတော့ ဘတ်ဂျတ် ဖုန်း တစ်လုံး ဖြစ်တဲ့ Xiaomi Redmi 6A ကို စတင် မိတ်ဆက်လိုက်ပီပဲ ဖြစ်ပါတယ်။ ဒီဖုန်းဟာ သူ့ရဲ့ နောင်တော် ဖုန်း တစ်လုံးဖြစ်တဲ့ Redmi 6A ထက် ဒေါ်လာ ၄၀နီးပါး သက်သာပြီး ယခုအခါမှာတော့ ဈေးကွက် ထဲကို ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ ရောင်းချပေးမယ်လို့ ခန့်မှန်းရပါတယ်။ 

ဒီဖုန်းရဲ့ မျက်နှာပြင်ပိုင်းမှာဆိုရင်တော့ မျက်နှာပြင် အပြည့် ၅လက်မခွဲနီးပါးရှိပြီး CPU ပိုင်းမှာဆိုရင်လဲ Helio A22 ကို အသုံးပြုပေးထားပြီး Memory ပိုင်းမှာဆိုရင် RAM 2GB နဲ့ ROM 16GB တို့ပါဝင်လာပါတယ်။ Camera ပိုင်းမှာ ဆိုရင်တော့ ကျောဘက် ကင်မရာကို 13MP ပါဝင်ပီး အရှေ့ဘက် Selfie ကင်မရာကတော့ 5 MP ပါဝင်ထားပါတယ်။  

ဘက်ထရီပိုင်းမှာဆိုရင် တော့ 3000 mAh ပမာဏ၇ှိတဲ့ ဘက်ထရီကို ထည့်သွင်းပေးထားပြီး အားမသွင်းပဲ နဲ့ ၁၉ရက်အနေအထားအထိ အသ့်အနေအထားနဲ့ အသုံးပြုနိုင်ပါတယ်။ အရောင်အနေနဲ့ ကတော့ ၄ မျိုး ထွက်ရှိထားပြီး မီးခိုး ၊ ပန်းရောင် ၊ အပြာနဲ့ ရွှေရောင်ဆိုပီး ထွက်၇ှိထားပါတယ်။ ဒီဖုန်းလေးကိုတော့ ဇွန်လ ၁၅ရက်နေ့မှာ ဈေးကွက်အတွင်းရောင်းချပေးသွားမယ်လို့ သိရပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။