မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ထဲမှာရှိတဲ့ သရက်-ကံမ-ပြည် ကားလမ်းပေါ်ရှိ ရေနံသာချောင်းတံတားဟာ ဇွန်လ ၁၁ ရက်မနက်က ချောင်းရေ ရုတ်တရက် အတက်လာတာကြောင့် တံတားကြီးဟာ ရေထဲမျောပါ သွားပါတယ်။အဆိုပါ တံတားကြီးဟာ ပြည်သူတွေအတွက် မရှိမဖြစ် အသတ်တမျှ အရေးကြီးတဲ့ တံတာကြီးဖြဖ်ပါတယ်။အခုလို ပျက်စီးသွားတာကြောင့် ကျောင်းသားတွေလဲ ကျောင်းတွေနားထားရပြီး ခရီးသွားကားတွေလဲ ဒုက္ခရောက်နေကြပါတယ်။

တံတားနားမှာနေထိုင်တဲ့ဒေသခံတွေကတော့ " ည ၉ နာရီလောက်မှာ တံတား ကြမ်းခင်းအနားအထိ ရေတွေတတ်လာပါတယ်။ အဲဒီမှာ သရက်ကနေ ရန်ကုန်မြို့ကိုထွက်တဲ့ Express နှစ်စီးလည်း ဖြတ်ပြီးရော ဘယ်ကားမှ အဖြတ်မခံ တော့ဘူး။ ဆိုင်ကယ်တွေတောင် တံတားကို အဖြတ်မခံတော့ ဘဲ ပိတ်လိုက်တာ။ နောက် ၃ နာရီကျော် လောက်မှာ တအိအိနဲ့ ရေထဲပါသွားတော့တာပဲ”လို့ ပြောပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က‌ “ဒီလိုရေတက်တာ မျိုးက တခါမှမဖြစ်ဖူးဘူး။ တံတားကိုရေထိတယ်ဆိုတောင် မဖြစ်ဖူးဘူး။ အခုက တံတားတစ်ခုလုံးပါသွားတာ ဘာမှကို မကျန်ခဲ့တော့ဘူး။ကျောင်းသားတွေလဲ တံတားကျိုးတာကြောင့် ကျောင်တွေနားထားရတယ် ဒေသခံတွေလဲ ဒုက္ခရောက်နေကြပါတယ်လို့"ပြောဆိုထားပါတယ်။ 

source : DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။