မန်စီးတီးကို ပရီးမီးယားချန်ပီယံဖြစ်အောင် ကူညီပေးခဲ့တဲ့ ကစားသမားတွေထဲမှာ ဆာနေးတစ်ယောက်လဲ အပါအဝင်ပဲ ဖြစ်ပါတယ်။ဆာနေးကတော့ အသက်၂၂နှစ်သေးတာ ရှိသေးပြီး ပရီမီယားလိဒ်ရဲ့ လူငယ်အကောင်းဆုံးကစားသမားဆုကိုလဲ ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ ဆာနေးကို ဂျာမဏီနည်းပြက အသင်းရဲ့ လူစရင်းကနေ ချန်လှပ်ခဲ့တာကြောင့် ဘောလုံးတစ်လောကလုံး အဲ့ အားသင်ခဲ့ရပါတယ်။ 

ဆာနေးကတော့ ကမ္ဘာ့ဖလားကနေ ချန်လှပ်ခံရတာကို စိတ်ထဲမထားဘဲ ပျော်ရွင်နေတာတွေ့ရပါတယ်။ ဆာနေးကတော့ အမေရိကန် ကယ်လီဖိုးနီးယား က ဆေးရုံမှာ ဆေးဝါးတွေ သွားရောက်လှူဒါန်းခဲ့ပြီး စိတ်ထားကောင်သူလေးလို့ အများက ဝိုင်းဝန်းချီးကျူးနေကြပါတယ်။။ဆာနေးကတော့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကို အိမ်ကပဲ ထိုင်ကြည့်ရပါတော့ မယ်လို့ စိတ်မကောင်းစွာ ပြောဆိုထားပါတယ်။

ဆာနေးကတော့ သူရဲ့ ချစ်သူဖြစ်တဲ့ Candice Brook တဲ့ အတူ ကယ်လီဖိုးနီးယားမှာ ဆေးဝါးတွေ လှူဒါန်းခဲ့သလို ကမ္ဘာ့ဖလားကိုစိတ်ထဲမေ့ထားပြီး သူရဲ့ ချစ်သူနဲ့အတူ ကယ်လီဖိုးနီးယားမှာ အားလပ်ရက်တွေကို ပျော်ရွင်စွာဖြတ်သန်းနေတာ တွေ့ရပါတယ်။ဆာနေးတစ်ယောက် ပျော်နေပုံကတော့ ချစ်သူကို အနမ်းမိုးတွေရွာသွန်းဖြိုးရုံသာမက အနမ်းမုန်တိုင်းတွေပါ ဝင်ရောက်ခဲ့တာကြောင့် ဆာနေးတစ်ယောက်ချစ်သူနဲ့ ဘယ်လောက်ပျော်နေလဲဆိုတာ ပရိသတ်ကြီး ပုံမှာတွေရတဲ့ အတိုင်းပါပဲခင်ဗျာ။

source : mail online 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။