ပရိသတ်ကြီးရေ ပရိသတ်တွေကိုယ်တိုင်သာမက သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာရော အကြောင်းအမျိုးမျိုးကြောင့် ခနခနအချေခံနေရတဲ့သူတွေ ရှိကြမယ်ထင်ပါတယ်။ အချေခံရတာ များလာတဲ့လူတွေဟာ နောက်ပိုင်းမှာတော့ ကိုယ်အခြေမခံရခင် ဦးအောင်ချေတတ်လာတတ်တဲ့ လူတွေရှိလာကတော့ ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်မလေး သင်ဇာဝင့်ကျော်ဟာဆိုရင်လည်း ချေတတ်တဲ့သူတွေကို စိတ်မဆိုးကြပါနဲ့ ၊ သူတို့မှာလည်း သူတို့အားနည်းချက်နဲ့သူတို့ပါ။ သူများတွေချေတာ ခံရပါများလို့ အချေအမိုးမခံချင်တော့လို့ သူများမချေခင် ကိုယ်ကဦးအောင်ချေနေကြတာပါ ။

ဒါ့အပြင် သင်ဇာဝင်ကျော်ကတော့ အဲ့လိုချေတဲ့သူတွေကို သူမအနေနဲ့ မမုန်းပါဘူး ၊ သနားတောင်သနားလိုက်ပါဦးမယ် ၊လို့ပြောကြားခဲ့တာတွေ့ရပါတယ်။

သင်ဇာကတော့ ဒီစကားတွေကိုပြောရတာဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်စေလိုချင်းမရှိပါဘူး။ အမြဲအချေခံနေရတဲ့ သူငယ်ချင်းတစ်ယောက်ကို အားပေးချင်လို့ဒီစာလေးတွေကိုတင်ခဲ့တာပါ လို့လည်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။ အရမ်းဆိုးသွမ်းတဲ့ လူမိုက်တွေမှာဆိုရင်လည်း သူတို့ကိုဆိုးသွမ်းစေခဲ့တဲ့ အကြောင်းအရာတွေရှိကြသလို အရမ်းချေကြတဲ့သူတွေမှာလည်း သူတို့ကိုအဲ့လိုချေမိုးစေခဲ့တဲ့ အကြောင်းအရာလေးတွေရှိနေကြပါတယ်။ ထိုအကြောင်းအရာလေးတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေရဲ့ခံယူချက်က သင်ဇာနဲ့တူကြရဲ့လား ၊ ဒါမှမဟုတ် ပရိသတ်တွေခံယူထားတဲ့ ခံယူချက်လေးတွေကိုလည်း ပြောပြခဲ့ကြဦးနော်။

source - Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။