အတိတ်ကံကြောင့်ပဲလို့ပြောရမလား၊ နီပေါနိုင်ငံက ကလေးငယ်လေးရဲ့အဖြစ်က ရင်နင့်စရာပါ။ Ramesh လို့ခေါ်တဲ့ နီပေါနိုင်ကငံ၊ Baglung အရပ်က အသက် ၁၁နှစ်အရွယ်ကလေးငယ်ဝါ အရေပြားနေရာကနေ ကွာလာပြီး တဖြည်းဖြည်းမာလာရုံသာမက ခြေဖျားလက်ဖျားတွေပါ ကွေးလို့ဆန့်လို့မရတဲ့ အခြေအနေထိပါရောက်လာလို့ သူ့ကိုကျောက်တုံးအသွင် ပြောင်းသွားတယ်လို့တောင် ပြောဆိုကြပါတယ်။

Ramesh ဟာ Ichthyosisလို်ခေါ်တဲ့ ရှားပါး အရေပြားရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ပြီး မိခင်ဖြစ်သူရဲ့ပြောကြားချက်အရ သူ့ကိုမွေးပြီး ၁၅ရက်အကြာမှာပဲ အရေပြားတွေ ကွာကျလာတာလို့ဆိုပါတယ်။ Ramesh လေးဟာ ခြေတွေလက်တွေလဲ ကွေးလို့မရ၊ လှုပ်ရှားလို့မရဖြစ်နေတာကြောင့် သူတစ်ခုခုဖြစ်နေတာကို ငိုယိုပြီးပြောရုံမှအပ မတတ်နိုင်ခဲ့ပါဘူး။ စကားတောင်ကောင်းကောင်းမပြောနိုင်တဲ့ Ramesh လေးရဲ့အခြေအနေဟာ မျှော်လင့်ချက်မဲ့လို့နေပါတယ်။

ဒါပေမယ့် ကံကောင်းစွာနဲ့ Britain အဆိုတော်ဖြစ်တဲ့ Joss Stoneရဲ့အကူအညီနဲ့ Ramesh လေးအတွက် ဆေးကုသဖို့ ငွေအတော်များများအလှူခံရရှိခဲ့ပြီး အခုဆို Ramesh လေးဟာ Kathmandu ဆေးကုသဌာနမှာ ဆေးကုသမှုခံယူနေတာဖြစ်ပာတယ်။ Ichthyosis ဟာ ရှားပါးအရေပြားရောဂါတစ်မျိုးဖြစ်ပြီး နှစ်တိုင်းမွေးလာတဲ့ ကလေးပေါင်း တစ်သောင်းခြောက်ထောင်ခန့်ဟာ အဆိုပါရောဂါဝေဒနာကိုခံစားနေရပြီး ပျောက်ကင်းတဲ့ဆေးမျိုး မရှိဘူးရယ်လို့ ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။