Pop အဆိုတော် Ariana Grande ဟာ လူကောင်သေးသေး အသံစူးစူးလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နာကျနဲ့ အမေရိကန်အဆိုတော်မလေးဖြစ်ပါတယ်။ June 26, 1993 မှာ မွေးဖွားခဲ့ပြီး ယခုဆိုရင်တော့ အသက် ၂၄ နှစ် ရှိပါပြီ။ဂီတလောကမှာအောင်မြင်တဲ့ အဆိုတော်မလေးဖြစ်သလို American Music Awards ၃ ဆု, MTV Europe Music Awards ၃ ဆု, MTV Video Music Award ၁ ဆု နဲ့ Grammy Award nominations ၄ ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ Time magazineရဲ့ သြဇာအရှိဆုံး လူ(၁၀၀)မှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး သူမရဲ့ ဝင်ငွေတွေကို လူမှုအဖွဲ့အစည်းတွေမှာ လှူဒါန်းခဲ့သူ တစ်ဦးဖြစ်ပါတယ်။

လတ်တလော Ariana Grande ရဲ့ အချစ်ရေးကတော့အမေရိကန် ဟာသသရုပ်ဆောင် Pete Davidson နဲ့ တွဲနေစဉ် (၁)လ လောက်အတွင်းမှာပဲ သူတို့ နှစ်ယောက် စေ့စပ်လိုက်တာဖြစ်ပါတယ်။ ဒီသတင်းဟာ သိပ်မကြာသေးသလို လတ်တလော လူသိသိပ်မများသေးတဲသူတို့နှစ်ယောက် စေ့စပ်သတင်းကို PEOPLE.com website က အတည်ပြု ပြောကြားလိုက်ဖြစ်ပါတယ်။June 2 ရက်နေ့က 2018 iHeartRadio Wango Tango ပွဲမှာ Ariana တစ်ယောက် ဖျောဖြေနေတဲ့ ပွဲမှာ စိန်တပွင့်ပါဝင်တဲ့ လက်စွပ်ကို ဘယ်ဘက် လက်သူကြွယ်မှာ ဝတ်ဆင်ထားတာဖြစ်ပါတယ်။ Pete Davidsonဟာ ဒီလက်စွတ်အတွက် $93,000 ကုန်ကျခဲ့ပြီး ဒိတ်လုပ်နေတာ မကြာသေးပေမဲ့လည်း အချိန်တိုလေးအတွင်း နှစ်ယောက်သာ အချစ်စစ်ကို ရှာတွေ့သွားပုံပါပဲ။  

Ariana Grande ဟာ Pete Davidson နဲ့ သူငယ်ချင်းတွေအဖြစ် ခင်မင်နေတာ ကြာပြီ ဆိုပေမဲ့ လွန်ခဲ့တဲ့ တစ်လလောက်က တွဲခုတ်ခဲ့ပါတယ်။စတွဲစဉ်ကတည်းက အမြဲတတွဲတွဲ နဲ့ တစ်ယောက်နဲ့ တစ်ယောက် အချိန်တိုင်းနေရာတိုင်းမှာ သူငယ်ချင်းတွေနဲ့ အတူတူသော်လည်းကောင်း၊ ပွဲတွေအတူတက်ရင် သော်လညိးကောင် အမြဲတမ်း အတူရှိနေကြတာဖြစ်ပါတယ်။ Rapper Mac Miller နဲ့ Relationship ကို လွန်ခဲ့တဲ့ မေ လလောက်မှာ ပြတ်ဆဲခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ နားလည်မှုတွေ အပြည့် နဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ချစ်ခရီးတစ်ခုကို စတင်လိုက်တာဖြစ်ပါတယ်။ နှစ်ဦးဆုံရင် အမြဲ ပျော်ရွှင်နေ ကြပြီး သူတို့ ချစ်ပုံရိပ်လေးတွေကလည်း အလွန်ကို ချစ်စရာကောင်းပါတယ်။Pete Davidson ကလည်း Ariana Grande ကိုဘယ်လောက်ချစ်မြတ်နိုးကြောင်း ပြသတဲ့ အနေနဲ့ ချစ်သင်္ကေတ တက်တူးလ် နှစ်ခု ကိုထိုးခဲ့ပါတယ်။ A ဆိုတာကတော့Ariana Grande ရဲ့ နာမည်ကို ရည်ညွန်းတာဖြစ်ပြီး နားနောက်က Bunny ယုန်ရုပ် တက်တူးလ်လေးကတော့Ariana Grandeရဲ့" Dangerous Woman "သီချင်း album ကိုရည်ညွန်းတာဖြစ်ပါတယ်။

source: www.seventeen.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။