သရုပ်ဆောင် ဇေရဲထက်ဆိုတာနဲ့ ဒရမ်မာကားတွေမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ပြီး ပရိသတ်အားပေးလက်ခံထားတဲ့ အနုပညာရှင် တစ်ယောက်ဘဲဆိုတာကိုတော့ ပရိသတ် ကြီးသိပြီးဖြစ်မှာပါနော် ။ ခုနောက်ပိုင်းမှာ ဇေရဲထက်တစ်ယောက် မြန်မာဝတ်စုံလေးတွေ အဝတ်များနေတာ ပရိသတ်ကြီးသိမှာပါ ။ မကြာသေးမီကာလကလည်း 15သိန်းတန် ပွဲ တက် မြန်မာဝတ်စုံ နေဗီပြာရောင်လေးကြောင့် ပရိသတ်တွေ ဟင်ခနဲ ဟာခနဲဖြစ်ခဲ့ရပါသေးတယ် ။

အခုလည်း အက်ရှင်သရုပ်ဆောင် နေထူးနိုင် ရဲ့ ဇနီးဖြစ်သူ မြသင်းခြယ်ရဲ့ တေးစီးရီး မိတ် ဆက်ပွဲကို ခရမ်းနုရောင် မြန်မာဝတ်စုံလေးနဲ့တက်ရောက်ခဲ့ပါတယ် ။ ပန်းခရမ်းရောင် ချိတ် လှိုင်းလေးတွေပါတဲ့ ပုဆိုးနဲ့ တိုက်ပုံခရမ်းနုရောင်လေးကို ဝတ်ဆင်ထားတာ အရမ်းကို ခန့်ညား နေပါတယ် ။ မြန်မာဝတ်စုံ တိုက်ပုံပုဆိုးနဲ့လိုက်ဖက်မယ့် ခရမ်းနုရောင် ကတီဘာ ဖိနပ်လေးကို စီးထားတာလည်း အရမ်းကို ကျက်သရေရှိနေပါတယ် ။ ပွဲမှာရိုက်ခံခဲ့ရတဲ့ Snap လေးတွေမှာလည်း သဘာဝကျကျ ချစ်စရာကောင်းနေပါတယ်နော် ။

ခုနောက်ပိုင်းမှာ ဒီဇီုင်နာကိုမျိုးမင်းစိုးရဲ့ လက်ရာလေးတွေကို ချုပ်လုပ်ပြီး ဆက်တိုက်ဆိုသလို ဝတ်ဖြစ်နေတာ မြင်တွေ့နေရပါတယ် ။ မြန်မာဆန်ဆန် တိုက်ပုံ ပုဆိုးလေးတွေကို ရောင်စုံ ချုပ်ဝတ်နေတာ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ် ။ ဇေရဲထက်ကိုချစ်တဲ့ ချစ်ပရိသတ်ကြီးအတွက် သူ့ရဲ့ မြန်မာဆန်ဆန် ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ။

Source : Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။