ပြည်သူ့အချစ်တော် မင်းသမီးလေး ဝတ်မှုန်ရွှေရည်တစ်ယောက် အပြုံးလေးတွေ တန်ဆာဆင်လို့ အမြဲ လှပလို့နေပါတယ်။ အကယ်ဒမီ ဆုကြီးနဲ့ ထိုက်တန်ခဲ့တဲ့သူမ ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ ပရိတ်သတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားတာပါ။

စိတ်ထားလည်းကောင်းသလို အနုပညာသည်အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ စိတ်ထားလေးနဲ့ ကစ်က ဟာသသရုပ်ဆောင် ကစ်ကစ်ကိုလည်း ဆေးရုံထိ ကြည့်ရှူစောင့်ရှောက်လှူဒါန်းခဲ့ပါသေးတယ်။ သူမရဲ့ ဖြူစင်တဲ့ စိတ်ထားရဲ့ ရောင်ပြန်ဟပ်နေတဲ့ သူမရဲ့ အပြုံးလေးတွေက အချိန်တိုင်းအေးမြလို့နေပါတယ်။ 

မိုးထိလို့ လန်းစပြုလာတဲ့ ပန်းလေးတပွင့်လို လှပနေတဲ့ ကစ် ရဲ့ Miss International ပွဲတက်ပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါရစေ။ ပန်းရောင်ဒေါက်မြင့်လေးနဲ့ pink gold ဝတ်စုံလေးနဲ့ မြင်သူတကာ ငေးရအောင် လှပတင့်တယ်လို့နေပါတယ်။ ဆံပင်တွေကို အပြောင်သိမ်း စည်းထားပြီး ကြည်လင်ဝင်းပတဲ့ အသားအရေနဲ့ သူမ အလှအပဟာ ဘာတွေနဲ့ မှ မယှဉ်နိုင်အောင် လှပနေပါတယ်။

Source:Wutt Mhone Shew Yi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။