အနုပညာလောကရဲ့ နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကျော်ဇင်ထွဋ်ကတော့ သူ့ရဲ့ မိသားစုနဲ့ပတ်သတ်ပြီး ဝမ်းနည်းနေတယ်လို့သိရပါတယ်။ အခက်အခဲတွေကြားထဲက မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ သူတို့မိသားစုလေးကို ပရိသတ်တွေက ရန်ကုန်ဖေချစ် ၄ ကောင်ကြွက် မိသားစုဆိုပြီး သိထားကြပါတယ်။ လက်ရှိမှာတော့ ကျော်ဇင်ထွဋ်ဟာ သူ့မိသားစုလေးကို သူ့ဘဝကနေ ထွက်ခွာသွားခွင့်ပေးလိုက်ပြီဆိုပြီး ရေးသားထားပါတယ်။

"13-6-2018 ရန်ကုန်ဖေချစ်၄ကောင်ကြွက်မိသားစုလေး ကို ရန်ကုန်ဖေချစ် ဘဝကနေ အပြီးအပိုင်ထွက်ခွာသွားခွင့်ပေးလိုက်ရပြီဖြစ်ပါအိ ။ ကျွန်တော့ဘဝမှာ ကျွန်တော်တစ်ယောင်ထဲ ပြန်ဖြစ်သွားပြီဗျာ ... ဝဋ်ကြွေးတွေ ရှိရင် ဒီဘဝ ဒီမျှသာ ရှိပါစေတော့လို့ ရန်ကုန်ဖေချစ် ယုံကြည်အားကိုးခဲ့တဲ့ 100% မြတ်ဗုဒ္ဓ ဘုရား ကို နောက်ဆုံးအနေ နဲ့ ဆုတောင်းလိုက်ပါအိ :( :( :(" ဆိုပြီး သူ့ရဲ့ လူမှုစာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။ 

ပရိသတ်တွေကတော့ ကျော်ဇင်ထွဋ်အတွက် စိတ်မကောင်းဖြစ်နေကြပြီး ကွဲကွာသွားတဲ့ မိသားစုလေးအတွက်လည်း ဝမ်းနည်းနေကြပါတယ်။ ဒါ့အပြင် ကျော်ဇင်ထွဋ်ဟာ ဓားစာခံဖြစ်ရရှာတဲ့ သမီးလေးတွေအတွက်လည်း စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းလို့နေပါတယ်။ ကျွန်တော်တို Myanmarload မီဒီယာကလည်း ပရိသတ်တွေနဲ့အတူ ကိုကျော်ဇင်ထွဋ်တို့မိသားစုလေး ပြန်လည်အဆင်ပြေကြဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်...

Source : Kyaw Zin Htut

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။