မြန်မာ့အနုပညာလောကရဲ့ ဝါရင့် သဘာရင့် မင်းသားကြီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ အကယ်ဒမီရန်အောင်ကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။ သရုပ်ဆောင်မှုပိုင်းနှင့် အဆိုပိုင်းမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အပြင် လက်ရှိ မိန်းကလေးတွေချစ်နေတဲ့ လူပျိုကြီးတစ်ယောက်ပဲဖြစ်ပါတယ်။  

ရုပ်ရုပ်ဇာတ်ကားများစွာနှင့်အတူ Myanmar Idol Season 3 ရဲ့ ဒိုင်တစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်တာကိုလည်း တွေ့ရပါတယ်။ လက်တလောရိုက်ကူးနေတဲ့ ဇာတ်ကားတွေမှာ ရန်အောင်ကတော့ ပရိသတ်ကြိုက်ဇတ်ရုပ်ပုံစံတွေနဲ့ ရိုက်ကူးနေတာဖြစ်ပြီး သူ့ရဲ့ တစ်နေ့တာလှုပ်ရှားမှုပုံရိပ်လေးတွေကို မကြာခနပြတက်သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ 

အဆိုပါ ရန်အောင်ရဲ့ဓာတ်ပုံလေးတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေမယ့် ပုံရိပ်လေးတွေဖြစ်ပြီး ခက်မိုက်မိုက်ပုံစံလေးတွေဖြင့် ပရိသတ်တွေနဲ့အတူ တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအချစ်ပိုစေမယ့် အကယ်ဒမီရန်အောင်ရဲ့ လက်တလောပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Yan Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။