တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာရှင်တွေကို အဆွဲဆောင်နိုင်ဆုံး ဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကြီးကတော့ တစ်ကျော့ပြန် ပြန်လည်ကျင်းပရမယ့်အချိန်ကိုရောက်ရှိလာပါပြီ။ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို လေးနှစ်တစ်ကြိမ်ကျင်းပလျက်ရှိပြီး ယခု၂၀၁၈ခုနှစ်ရဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး ကိုတော့ ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှ စတင်ကျင်းပမှာပဲ ဖြစ်ပါတယ်။  

ဒီနေ့မှာတော့ FIFA World Cup 2018 ရဲ့ ဖွင့်ပွဲအခမ်းနားကြီး ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ အိမ်ရှင် ရုရှားအသင်းနဲ့ ဆော်ဒီအသင်းတို့ စတင်ယှဉ်ပြိုင် ရမှာပဲ ဖြစ်ပါတယ်။ကမ္ဘာ့ဖလားဘောလုံးပွဲတွေကို ရလဒ်အခြေအနေခန့်မှန်းပေးနေတဲ့ ကြောင်ဖြူလေးကလည်း ဒီနေ့ပွဲမှာ အိမ်ရှင် ရုရှားက ဆော်ဒီအသင်းကို အနိုင်ရမယ်လို့ ကြောင်ဖြူလေးက ခန့်မှန်းပေးလိုက်ပြန်ပါတယ်။ရုရှားနိုင်ငံ စိန့်ပီတာဘတ်စ် မီဒီယာစင်တာမှာ အဖွင့်ပွဲစဉ်အတွက် ကြောင်ကို ခန့်မှန်းမှုတွေ လုပ်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ အဖွင့်ပွဲစဉ်ခန့်မှန်းတဲ့ အခမ်းအနားမှာတော့ ရုရှားနဲ့ ဆော်ဒီ အလံတွေကို ထောင်ထားပြီး အစာခွက် ၂ ခွက်ချကာကြောင်ဖြူလေးကို ခန့်မှန်းစေခဲ့တာပဲ ဖြစ်ပါတယ်။ ကြောင်ဖြူလေးဟာ ရုရှားအလံရှိတဲ့ဘက်က အစာကို စားတဲ့အတွက် ရုရှားနိုင်မယ်လို့ ခန့်မှန်းတဲ့သဘောမျိုးယူဆခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ ကြောင်ဖြူ လေးကတော့ ပြီးခဲ့တဲ့နှစ် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ၄ ပွဲမှာ ၃ ပွဲကို ခန့်မှန်းရာ မှန်ကန်ခဲ့တယ်လို့လည်း သိရပါတယ်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။