ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အဖြစ် အုပ်စုအတွင်းက အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအာရေးဗျတို့ မနေ့ညက ယှဉ်ပြိုင်ရာ ရုရှားက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ရုရှားအတွက် ဂိုးတွေကိုတော့ ဂါဇင်စကီးကတစ်ဂိုး ချီရီရှက်ဗ်က၂ဂိုး ဒီဇူဘာကတစ်ဂိုး ဂိုလိုဗင်ကတစ်ဂိုးသွင်း သွင်းယူသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဆော်ဒီအသင်းဂိုးပေါက်ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ပါတယ်။ 

ရုရှားအသင်းနိုင်သွားရတဲ့ အကြောင်းအရင်းတွေကတော့ ရုရှားပရိသတ်တွေရဲ့ ကွင်းတစ်ဝက်ကျော်အထိ အားပေးမှုကိုလဲ ရုရှားအသင်းအနိုင်ရရှိသွားပါတယ်။နောက်တစ်ချက်ကတော့ သူတို့ရဲ့ ၂၀၁၄ကမ္ဘာ့ဖလားမှာ ရုရှားအသင်း တစ်ပွဲမှ အနိုင်မရတဲ့ စံချိန်ဆိုးကို ချိုးဖျက်ချင်တာကြောင့် ယနေ့မှာအနိုင်ကစားသွားတာပါ။နောက်တစ်ချက်ကတော့ ရုရှားကွင်းလယ်လူ ဂိုလိုဗင် အဓိကခြေစွမ်းပြကစားတာကြောင့်လဲ နိုင်သွားတာပါ။

ရုရှားအိမ်ကွင်းဖြစ်တာကြောင့်လဲပါပြီး ဆော်ဒီအသင်းဟာ ဥရောပအတွေ့အကြုံနည်းတဲ့အသင်းဖြစ်တာကြောင့်လဲပါဝင်ပါတယ်။ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ရုရှားအသင်း စံချိန်သစ်တွေလဲ တင်သွားပါတယ်။၂၀၁၈ကမ္ဘာ့ဖလားမှာ အဖွင့်ဂိုးသွင်းယူပေးတဲ့ အသင်း အဖြစ် ရုရှားအသင်းစံချိန်တင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

photo : daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။