မြန်မာနိုင်ငံရဲ့ Justin Bieber လို့ တင်စားကြတဲ့ ဟိန်းမင်းသူကတော့ လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ "Slient "သီချင်း Album ထွက်ပြီးတဲ့နောက် သရုပ်ဆောင် ဘက်ကိုလည်း ခြေလှမ်းစလာပြီ ဖြစ်ပါတယ်။ " အရိပ် " ဇာတ်ကားထဲက ဆေးကျောင်းသားလေး စိုင်း ကို လည်း မှတ်မိဦးမယ် ထင်ပါတယ်။

စိုင်း တစ်ယောက် ပိုပြီး ကြည့်ကောင်းလာလိုက်တာ Body Structureကတော့ လုံးဝ ကြည့်ကောင်းနေပြီနော်။ ခပ်မိုက်မိုက် bodyအချိုးအစား နဲ့ ဟိန်းမင်းသူက လတ်တလော အချစ်ရေးမှာ တစ်ယောက်ထဲ ပါပဲ လို့ ဖြေလိုက်ပါပြီ။ သူ သဘောကျတဲ့ မိန်းကလေးမျိုးကလည်း Cute typeလေးနဲ့ ချစ်စရာကောင်းပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့ မိန်းကလေး မျိုးပါတဲ့။

အကယ်လို့ Dateလုပ်ခွင့်ရမယ်ဆို သဘောကျတဲ့ မင်းသမီး တွေက Wonder Women နဲ့ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ဖွေးဖွေး ပါလို့ အင်တာဗျူးတစ်ခုမှာ ဖြေလိုက်ပါတယ်။ ပရိတ်သတ်ကြီးရေ ဖွေးစိန်လေးနဲ့ Dateမယ်ဆိုရင်ကော သဘောတူကြမှာလား။ နောက်ထပ် သတင်ကောင်းကတော့ ဟိန်းမင်းသူရဲ့ သီချင်းသစ်လေး ထွက်လာဖို့ရှိတာကြောင့် ပရိသတ် အားလုံးပဲ မိုးအေးအေးနဲ့ မျှော်လင့်ရင်း ဆက်လက် အားပေးကြပါဦးနော်။

Source: Hein Min Thu ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။