မင်းအကို ဆုးံပါးသွားချိန် နဲ့ တိုက်ဆိုင်သွားတာလည်းကံတရားပေါ့ လို့အောင်လကို ဝမ်းနည်းစကားပြောရင်း အားပေးခဲ့တဲ့ ဝေဋ္ဌုကျော်

သရုပ်ဆောင်ဝေဠုကျော်ပာာ အောင်လအန်ဆန်းကို "ဘယ်လောက်ပဲကွဲပြဲသွေးထွက်ထွက် အချိန်ပြည့်အောင် မင်းထိုး သွား တယ်။မင်းမျက်နှာမှာသွေးတွေချည်းပဲ။မင်းနာတာ ငါတို့နာသလိုပဲ ခံစားရတယ်။ထပ်ကြိုးစားပါ။လွယ်လွယ်နဲ့တော့လက်ရှိချန်ပီယံကို ဘယ်နိူင်ပါ့မလဲ။ဒို့မြန်မာပြည်သားတွေက မင်းကိုဘယ်သူမှ အပြစ်မပြောပါဖူး။အမြဲအားပေးနေမှာပါ။

( မင်းအကို ဆုးံပါးသွားချိန် နဲ့ တိုက်ဆိုင်သွားတာလဲ ကံတရားပေါ့ )တစ်နေ့တော့ မင်း ရွှေခါးပတ်ချန်ပီယံ ဖြစ်လာမှာပါ။မင်းပွဲတိုင်း အောင်မြင်နိူင်ပါစေ လို့ ဒို့မြန်မာပြည်သူ ပြည်သားတွေက ကောင်းမှု အစုစုထပ်ပြီး ဆုတောင်းပေးနေမှာပါ။မင်းကံကောင်းပါစေ။ဘုရားသခင်ကောင်းချီးပေးပါစေ။

မြန်မာ ပြည်သူ ပြည်သားများ ကိုစား ဆိုပြီး ရေးသားခဲ့ပါတယ်။အောင်လကလည်း သူ့ရဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ အင်စတာဂရမ်ပေါ်မှာ i'm going to get it back ဆိုပြီး့သူ့ကိုယ်သူပြန်အားပေးစကားပြောထားတာကို လည်းတွေ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။