လက်ထပ်ဖို့ တရားဝင်ကြေညာလိုက်တဲ့ Rain !!

Kim Tae Hee နဲ့ ချစ်သူဖြစ်နေတဲ့ Rain ကခုဆိုသူတို့နှစ်ယောက်လက်ထပ််ဖို့ကို သူ့ရဲ့ IG ကနေ ခုလိုတရားဝင်ကြေညာလိုက်ပါတယ်

" Hello , အရမ်း အေးတဲ့ ဆောင်းရာသီပါပဲ .. ဒါပေမဲ့ကျနော့်ပရိတ်တွေ အကုန်ကျန်းမာကြတယ်ဟုတ်?

ကျနော်ကတော့ Jung Ji Hoon [ Rain ]ပါ

ခုဆိုရင်ကျနာ်ရဲ့ အနုပညာ သက်တမ်းက 16 နှစ်ကျော်သွားခဲ့ပါပီး ကျနော် အနုပညာလမ်းစလျှောက်ကတည်းကအားပေးခဲ့တဲ့ ကျတော့ ပရိတ်သတ်အမျိုး သမီးတွေဆို အခုအသက်အရွယ် ရလာလို့ သူတို့ ရဲ့ဘဝမှ မိန်းမငယ်လေးကနေ မိခင်ဘဝတောင် ရောက်ရှိကုန်ပီးနော် !

ကျနော် လဲ ခုဆို အိမ်ထောင်ရှင်ယောကျာ်းတစ်ယောက်ဖြစ်ဖို့အချိန်တန်ပီးလေ , သူမက ကျနော်ရဲ့ဘေးမှာထာဝရရှိနေပီးကာကွယ်ပေးဖို့ ! သူမ ကျနော့်ဘေးမှာရှိနေတယ်ဆိုရင်ပဲ ကျနော် အခက်အခဲတွေကြုံလာတယ်ဆိုရင်တောင် အဲ့ဒီအခက်အခဲတွေကိုပျော်ပျော်ကြီးကျော်ဖြတ်သွားမှာပါ !

ခုဆိုရင် ကျတော်တို့နှစ်ယောက်ရဲ့ အချစ်တွေ ကို သစ္စာတရားတွေနဲ့ ဘောင်ခက်ဖို့ ကျနော်တို့ဆုံးဖြတ်လိုက် ပါပီး

****ကျနော်တို့ရဲ့ မင်္ဂလာဆောင်ကို အကျဉ်းချုံးပဲစီစဉ်သွားဖို့ရှိပါတယ် *** မင်္ဂလာဆောင်ကိုတော့ သေချာမပြောနိုင်သေးတာကို ကျနော့်ကိုနားလည်ပေးကြမယ်ထင်ပါတယ်

ကျနော့်ကို 16 နှစ်ကျော် ထိအားပေးခဲ့ကျတဲ့ ကျနော်ပရိတ်သတ်တွေကိုကျေးဇူးတင်ပါတယ်

ခု ချိန်က စပီးလဲကျနော် အောင်မြင်တဲ့ အဆိုတော်/ သရုပ်ဆောင်တစ်ယောက် ဖြစ်အောင်စွမ်းစွမ်းတမံကြိုးစားပါဦးမယ် ..

သူမက ကျတော့်အတွက်တော့ ဘုရားပေးတဲ့ဆုပါပဲ <3

2017/01/17

Jung Ji Hoon [ Rain ] <3 "

ဒါကတော့ JI Hoon ရဲ့ IG မှာ ခုလိုကြေညာခဲ့တာပါ

Rain နဲ့ Kim Tae Hee ရဲ့ ချစ်သူသက်တမ်းက ခုဆိုရင် လေးနှစ်ကြော်ခဲ့ဖြစ်ပါတယ်

ကြားရတဲ့သတင်းတွေအရ သူတို့နှစ်ယောက် လာမဲ့ Feb 19 မှာ Catholic Church မှာပဲ မင်္ဂလာဆောင်မယ်လို့သတင်းထွက်ထားပါသေးတယ် <3

Congratulation Rain နဲ့ Kim Tae Hee

ထာဝရလက်တွဲနိုင်ကြပါစေ <3

#AdminK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။