Jaden Smith ဟာ Hollywood stars Will Smith နဲ့ Jada Pinkett-Smith တို့ရဲ့ သားအကြီးဆုံးဖြစ်ပါတယ်။ Jadenကို Los Angelesမြို့ July 8, 1998 မှာ မွေးဖွားခဲ့ပြီး ခုဆိုရင်တော့ လာမဲ့ ဇူလှိုင်မှာ အသက်(၂၀)ပြည့်တော့မှာပါ။ တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း နဲ့ အတူရိုက်ကူးခဲ့တဲ့The Karate Kid (2010) ထဲက တရုတ်ပြည်ရောက်လာတဲ့ လူမဲကလေးလေး တစ်ယောက်ကို မှတ်မိဦးမှာပါ။ လူကောင်လေးကသာ သေးတာ သူရဲ့ ဘူဆတ်ဆတ် အမူအရာလေးတွေက အရမ်းကို ချစ်ဖို့ကောင်းခဲ့တာ မှတ်မိဦးမယ်ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ ကရားတေးသိုင်းပညာ မှာ ထူးချွန်အောင်ကြိုးစားခဲ့တဲ့ လူမဲလေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်စဉ်က သူ့ အသက်ဟာ (၁၂)နှစ်ပဲရှိပါသေးတယ်။

နောက်" The Karate Kid (2010)" ရဲ့ Track Song သီချင်းတစ်ပုဒ်ဖြစ်တဲ့ " Never Say Never "သီချင်းထဲ Justin Bieber နဲ့အတူ စင်ပေါ်မှာ rap ရွတ်ပြီးယုံကြည်မှုရှိရှိ နဲ့ Jaden ဟာ အရွယ်လေးသာငယ်သေးပေမဲ့ အရမ်းကို အရည်အချင်းရှိတဲ့ ကလေးတစ်ယောက်ပါ။Jadenဟာ အသက်(၈)နှစ်လောက်ထဲက "Persuit of Happiness" ဇာတ်ကားမှာ သူ့ရဲ့ ဖခင်ဖြစ်သူWill Smith အတူ စတင် သရုပ်ဆောင်ခဲ့ပါတယ်။ဇာတ်လမ်းထဲမှာ သားအဖ နှစ်ယောက်လုံး ဆင်းရဲဒုက္ခတွေကို အတူဖြတ်ကျော်ခဲ့ကြရင်း ဘဝကို ဘယ်လိုကြိုးစားခဲကြလဲ ဆိုတာ မကြည့်ရသေးတဲ့ ပရိသတ်တွေ အနေနဲ့ တကယ်ကို ပညာရတဲ့၊ ကြည်သင့်တဲ့ ဇာတ်လမ်းလေးပါ။

Jadenဟာ Louis Vuittonရဲ့ fashion label မှာ မျက်နာသစ် မော်လ်ဒယ်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Los Angeles မှာ နေထိုင်ပြီး နာမည်ကြီး Hollywood လူငယ်မင်းသားတစ်ယောက်လည်းဖြစ်သလို အမေရိကန်-အာဖရိက အဆိုတော် rapper လည်းဖြစ်ပါတယ်။ နာမည်ကြီး New York မော်လ်ဒယ် ခပ်ချောချော အသားဖြူဖြူ Sarah Snyder နဲ့ တွဲခဲ့စဉ် ပရိသတ်တွေ အဖြူ-အမဲ စုံတွဲလေးဆိုပြီး ပိုသတိထားမိခဲ့ပေမဲ့လည်း သူတို့ Relationshipကတော့ 2015 အကုန်လောက်မှာပဲ ပြတ်ဆဲခဲ့ပြီဖြစ်ပါတယ်။

လက်ရှိတွဲနေတဲ့ Jaden ရဲ့ ချစ်သူကတော့ အသက်(၁၇)သာ ရှိသေးတဲ့ မင်းသမီး Odessa Adlon ဖြစ်ပါတယ်။ သူတို့ဟာ 2017မှာ စတင် Dateလုပ်ခဲ့ပြီး ခုဆို Relationshipသက်တမ်း တစ်နှစ်နဲ့ ငါးလ ကျော်ပါပြီ။ Jaden ကို အရူးအမူး ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အနေနဲ့ သူ့ရဲ့ အချစ်ရေးနဲ့ ရပ်တည်မှုအကြောင်းလေး တင်ပြလိုက်ရပါတယ်။

source: globalnews.ca & whosdatedwho.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။