မနေ့ကလီဗာပူလ်းအသင်းဟာ ပလိုင်းမောက်အသင်းကို (1-0)နဲ့ အနိုင်ယူပြီးFAဖလားနောက်တစ်ဆင့်တက်ရောက်သွားပါတယ်။အဲ့ဒီပွဲမှာဂိုးသွင်းခဲ့သူကတော့ လူးကပ်ပဲဖြစ်ပါတယ်။

အဲ့ဒီဂိုးဟာလည်းလူးကပ်ရဲ့ဂိုးမသွင်းတာ(6)နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့နောက် ပထမဆုံး ဂိုးလည်းဖြစ်ပါတယ်။ သူနောက်ဆုံးသွင်းခဲ့တာကတော့ 2010စက်တင်ဘာ16မှာဖြစ်ပါတယ်။အဲ့ဒါကနည်းပြဟော့ဆန်(အင်္ဂလန်နည်းပြဟောင်း)ပါပူလ်းကိုကိုင်တွယ်နေတဲ့အချိန်ဖြစ်ပါတယ်။

ဒါပေမယ့် တခါတလေမှာနောက်တန်း၊ တခါတလေမှာကွင်းလယ်အဖျက်၊ ကွင်းလယ်တိုက်စစ် စသဖြင့်နေရာစုံမှာ ကြိုးကြိုးစားစားကစားတတ်တဲ့ လူးကပ်ဟာလီဗာပူလ်းရဲ့အချစ်တော် တစ်ယောက်လည်းဖြစ်ပါတယ်။ အသက်(20)နှစ်သားကတည်းက ရောက်ရှိလာခဲ့တဲ့လူးကပ်ဟာ အန်းဖီးမှာတင် (10)နှစ်သက်တမ်းရှိခဲ့ပြီလည်းဖြစ်ပါတယ်။

မောရစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။