Zahvia ဟာ March 6, 2001 မှာမွေးဖွားခဲ့ပြီး အသက်(၁၇)နှစ် သာ ရှိသေးတဲ့ တေးရေး၊ တေးဆို အမေရိကန်Rapperအဆိုတော်ဖြစ်ပါတယ်။ နာမည်ရင်းကတော့ Zhavia Ward Vercetti ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ Californiaပြည်နယ် Los Angeles မှာနေထိုင်ပါတယ်။

သူမဟာ The Four: Battle for Stardom on Fox သီချင်းဆိုပြိုင်ပွဲမှာ နာမည်ကြီးခဲ့တဲ့ Top Finalist လေးယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။The Four စင်ပေါ်မှာ ယှဉ်ပြိုင်စဉ်က သူမ အသက်ဟာ (၁၆)နှစ်ပဲ ရှိပါသေးတယ်။Zhavia ဟာ ဂီတအနုပညာ မျိုးရိုးက ဆင်းသက်လာသူဖြစ်ပါတယ်။ သူမရဲ့ အမေဟာ ရော်ခ့်ဂီတ metal band တစ်ခုက အဆိုတော်ဖြစ်ပြီး သူမ အဖေ နဲ့ အမေ ဟာ သူမ တို့ ငယ်စဉ်ကတည်းက ကွာရှင်းခဲ့ပါတယ်။ အမေဖြစ်သူ နဲ့ အတူ နေထိုင်ပြီး သူမမှာ ညီမလေး တစ်ယောက်ရှိပါတယ်။

Zhavia ရဲ့ ဂီတအနုပညာဝါသနာကို သူမ မိခင်က အပြည့်အ၀ ထောက်ပံ့ပေးခဲ့ပြီး အမေက Rocker အဆိုတော်ဖြစ်ပေမဲ့ သူမက တော့ Rapper အဆိုတော်ဖြစ်ပါတယ်။ The Four မှာ ယှဉ်ပြိုင်စဉ်က သူမသာ Winner ဖြစ်ခဲ့ရင် သူမ အမေ့အတွက် အိမ်လေးတစ်လုံး ဝယ်ပေးချင်တယ်လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ခုဆိုရင်တော့ သူမ အိမ်မက်တွေ တကယ်ဖြစ်လာတော့မှာပါ။The Four သီချင်းဆိုပြိုင်ပွဲမှာ သူမဟာ Winner မရခဲ့ပေမဲ့လည်း သူမရဲ့ ဖက်ရှင်လ်နဲ့ ဆိုဟန်ဆိုပေါက်ဟာ အရမ်းကို Professional ကျတဲ့ စတိုင်လ်မျိုးဖြစ်ပါတယ်။ Zhavia ကို လူတွေ သတိပြုမိစေတာကတော့ သူမရဲက ဆံပင်ဖြစ်ပါတယ်။ အာဖရိက Rapperအဆိုတော် ထားကြတဲ့ dreadlocked ဆံပင်မျိုးနဲ့ အရမ်းကို အထာကျတဲ့ ဝတ်ပုံစားပုံနဲက သူမဖြစ်ပါတယ်။

ပြိုင်ပွဲပြီးတဲ့နောက် Zhavia ဟာ Columbia Records နဲ့ မီလီယံ သန်းပေါင်းများစွာ တန်တဲ့ စာချုပ်တစ်ခုမှာ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ ခုဆိုရင်တော့ သူမဟာ သူမအမေ အတွက် အိမ်တစ်လုံးကောင်းကောင်း ကို ဝယ်ပေးနိုင်လောက်ပြီမို့ သူမ အိမ်မက်တွေ တကယ် ဖြစ်လာပြီလို့ ဆိုရမှာပါ။ ကမ္ဘာ့ နာမည်ကြီး Rapperအဆိုတော် Lil Pump နဲ့ Diplo, French Montana တို့ သုံးယောက်နဲ့အတူ" Deadpool 2" ရုပ်ရှင်ဇာတ်လမ်းမှာ movie soundtrack တစ်ပုဒ်ဖြစ်တဲ့ “Welcome To The Party” မှာ Zhavia ဟာ Featuring ဆိုခွင့် ရခဲ့တာဖြစ်ပါတယ်။

Zhavia ရဲ့အောင်မြင်မှု ဟာ ဒီရေအလားပဲ တရှိန်ထိုးအောင်မြင်လာခဲ့ပါတယ်။ Zhavia ကို အရူးအမူးချစ်ပြီး အားပေးတဲ့ ပရိသတ်တွေဟာ သူမ မျက်နာကို ကိုယ်ခန္ဓာပေါ်မှာ တက်တူးလ်ထိုးခဲ့သည်ထိ သူမကို အားပေးပါတယ်။ သူမရဲ့ အသံပါဝါအားဟာ အရမ်းကောင်းပြီး The Four စင်မြင့် ထက်ယှဉ်ပြိုင်စဉ်က သူမ သီဆိုခဲ့တဲ့ "Say Something" နဲ့ "Killing Me Softly" သီချင်း နှစ်ပုဒ်ဟာ အရမ်းကို လူသိများပါတယ်။

source: www.parlemag.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။