လက်ရှိ ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဓိကကြောက်စရာအသင်းကြီးတွေထဲမှ တစ်သင်းဖြစ်တဲ့ ပေါ်တူဂီအသင်းကို ပရိသတ်တိုင်းသိမှာပါ။ ကမ္ဘာကျော် ဘောလုံးအားကစားသမားအနည်းငယ်သာရှိပေမယ့် အဓိကပဲ့ကိုင်ရှင်ရော်နယ်ဒိုကိုတော့ အားလုံးလေးစားမိမယ်ထင်ပါတယ်။ အသင်းရဲ့ အောင်မြင်မှုဟာ ရော်နယ်ဒိုအပေါ်မှုတည်နေသလို အသင်းသားအားလုံးရဲ့ အားကိုးမှုရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ 

မနေ့က ကမ္ဘာ့ဖလားပြိုင်ပွဲဒုတိယနေ့မှာ ပထမဆုံးအနေနဲ့ နာမည်ကြီး စပိန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်ပြီး "‘ကျွန်တော် အင်မတန် ပျော်ရွှင်ပါတယ်။ ကျွန်တော့် အကောင်းဆုံး ခြေ ကို ပြန်ရနေတာပါ။ ပြီးတော့ ကျွန်တော့် ကစားသမား ဘဝမှာ စံချိန် သစ် တစ်ခု ထပ်မံ ရေးထိုးနိူင်ခဲ့ပါတယ်။ ပိုပြီး အရေးကြီးတာက အသင်းလိုက် ကစားဟန်ပါပဲ။ ကျွန်တော်တို့ ဖလားရဖို့ ရေပန်းစားနေတဲ့ အသင်းနဲ့ ကန်ခဲ့ ရပါတယ်။ သရေ က ကျွန်တော့် အမြင်တော့ သင့်တင့်မျှတ တဲ့ ရလဒ် ပါပဲ။" ဟူ၍ ပြောကြားခဲ့တာတွေ့ရပါတယ်။ 

ပွဲဦးထွက်မှာ သရေတစ်မှတ်ရရှိခဲ့ပေမယ့် ပျော်ရွှင်မှုအပြည့်ရရှိခဲ့ပြီး လာမည့် မော်ရိုကိုနဲ့ပွဲမှာ အကောင်းဆုံး ထပ်မှန်ပြသနိုင်ဖို့ ကြိုးစားနေပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၄ ခုလုံး ဂိုးသွင်းနိူင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါပြီ။ ယခင်နာမည်ကြီးဘောလုံးသမားတွေဖြစ်တဲ့ ဆီလာ၊ ပီလီ နဲ့ ကလိုဆေးတို့ရဲ့ ခြေရာတွေကိုလည်း နင်းနိူင်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။

Photos - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။