မိန်းကလေးတွေ အနေနဲ့ ပုံမှန် ရာသီသွေးလာနေရာမှ သွေးမပေါ်တော့ဘဲ ရပ်ဆိုင်းသွားခဲ့မယ်ဆိုရင် ဒီအချက်လေးတွေကိုတော့ မဖြစ်မနေ သိထားသင့်ပါတယ်။ ဆင်ခြင်နိုင်ဖို့၊ ကြိုတင်ကာကွယ်ဖို့ အတွက်ဆိုလည်း မမှားပါဘူး။ ဒါက သင့် ကျန်းမာရေးနဲ့ အရမ်းကို သက်ဆိုင်နေပါတယ်။ ဒ့ါကြောင့် ရာသီသွေးထိမ်ရတဲ့ အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်ဝန်ရသွားခြင်း (သန္ဓေတည်ခြင်း)

ရာသီသွေးထိမ်ခြင်းရဲ့ အဖြစ်များနိုင်ဆုံး အရာတစ်ခုကတော့ ကိုယ်ဝန်ရခြင်းပဲဖြစ်ပါတယ်။ ဒီလို ဆိုလိုက်လို့ ရာသီသွေးထိမ်တာနဲ့ပဲ ကျိန်းသေ ကိုယ်ဝန်ရတာမျိုးတော့ မဟုတ်ပါဘူး။ ပထမဦးစွာ ထည့်စဉ်းစားရမဲ့ အချက်တစ်ခု အနေနဲ့သာ တင်ပြခြင်း ဖြစ်ပါတယ်။

(၂) အစားအသောက် ထိန်းချုပ်မှု လွန်ကဲခြင်း

အဝလွန်၍ ဖြစ်စေ၊ အခြား အကြောင်းအရာ တစ်ခုကြောင့်ဖြစ်စေ အာဟာရ ထိန်းချုပ်မှု လွန်ကဲသွားသည့်အခါတွင်လည်း ရာသီသွေး ထိမ်သွားတတ်ပါတယ်။

(၃) ကိုယ်အလေးချိန်ကျခြင်း

ခန္ဓာကိုယ် အလေးချိန်များပြီး၊ ဝနေသူ တစ်ဦးကလည်း ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းသွားတဲ့အခါမှာလည်း ရာသီသွေးထိမ် သွားတတ်ပါတယ်။

(၄) အစားအသောက်နဲ့ ပတ်သက်တဲ့ စိတ်ကျန်းမာရေး ပြသနာ

အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တစ်ခုဖြစ်တဲ့ Anorexia Nervosa ရောဂါမှာလည်း ရာသီသွေးထိမ်ခြင်းက လက္ခဏာတစ်ရပ် ဖြစ်နေပါတယ်။

(၅) အားကစားလေ့ကျင့်မှု ပြင်းထန်စွာ လုပ်ခြင်း

ပြင်းထန်လွန်းတဲ့ အားကစားလေ့ကျင့်မှု ပြုလုပ်ခြင်းကလည်း ရာသီသွေးထိမ်ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။

(၆) စိတ်ဖိစီးမှု

ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှု များလွန်းရင်လည်း ရာသီသွေးထိမ်တတ်ပါတယ်။

(၇) ဆေးဝါးများ သုံးစွဲခြင်း

အချို့သော ဆေးဝါးများက ရာသီသွေးထိမ်းခြင်းကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေနိုင်တာကြောင့်လည်း ရာသီသွေး ထိမ်သွားတတ်ပါတယ်။

(၈) သွေးဆုံးခါနီးသော အချိန်

အမျိုးသမီးများ အသက်အရွယ်ကြီးလာသောအခါ သွေးဆုံးသော အခြေအနေကို မဖြစ်မနေ ရောက်လေ့ ရှိကြပါတယ်။ ဒီလိုအချိန် မရောက်ခင် ၂လ သို့မဟုတ် ၃ လ လောက်နေမှသာ ရာသီသွေးပေါ်တတ်ပါတယ်။

(၉) ဟော်မုန်းပြသနာများ

သိုင်းရွိုင်ဒ်ဟော်မုန်း Thyroid Hormone ဓာတ် နည်းပါးခြင်းကလည်း ရာသီသွေးထိမ်စေပါတယ်။

(၁၀) ပီကျူထရီဂလင်းအကျိတ်

ဦးနှောက်အောက်ခြေရှိ ဟော်မုန်းထွက်တဲ့ Pituitary Gland ပီကျူထရီဂလင်း တွင် အဖု သို့မဟုတ် အကျိတ် ဖြစ်ခြင်းကြောင့်လည်း ရာသီသွေး ထိမ်စေပါတယ်။

ဒီလိုအချက်တွေကြောင့် ရာသီသွေး ထိမ်တတ်တာကြောင့် မိမိကိုယ်ကို ဆန်းစစ်ပြီးနောက် ဆောင်ရန်၊ ရှောင်ရန် ပြုလုပ်ပြီး လိုအပ်လျှင် ဆရာဝန်နှင့် ကုသ တိုင်ပင်သင့်ပါတယ်။

သတင်းအရင်းအမြစ် - Dr.X 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။