ပုံမှာ မြင်တွေ ့နေရတာက Bastoy ထောင်က အကျဉ်းသားတစ်ယောက်ပါ။ Bastoy ထောင်ဟာ နော်ဝေနိုင်ငံမှာ တည်ရှိပြီး ထောင်သားအများစုက လူသတ်တရားခံနဲ ့မုဒိန်းမှုကျူးလွန်ခဲ့တဲ့လူတွေ ဖြစ်ပါတယ်။ ဒီထောင်ဟာ ကမ္ဘာမှာ လုံခြုံရေးအနည်းဆုံးထောင်လည်းဖြစ်ပါတယ်။ နော်ဝေနိုင်ငံ၊ အိုစလိုမြို ့တောင်ဘက် ၄၆ မိုင်အကွာက Bastoy ကျွန်းပေါ်မှာ တည်ဆောက်ထားတာပါ။

ထောင်သားတွေဟာ သစ်လုံးအိမ်တွေမှာနေထိုင်ပြီး ထောင်ရဲ့ စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြရပါတယ်။ အားလပ်ချိန်မှာ မြင်းစီး၊ ငါးမျှား၊ တင်းနစ်ရိုက်၊ နှင်းလျှောစီး စတဲ့ အားကစားတွေ ကြိုက်နှစ်သက်သလို လုပ်နိုင်ပါတယ်။ ဒီကျွန်းကို ရောက်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းက ဖယ်ရီလှေ တစ်မျိုးပဲရှိတာပါ။

ထောင်သားတွေမှာ ကိုယ်ပိုင်အခန်းသော့တွေရှိပြီး လွတ်လွတ်လပ်လပ်သွားလာနိုင်ပါတယ်။ အစောင့်တွေဟာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့အပြင် ထောင်ခြံစည်းရိုးတောင်မရှိပါဘူး။ ထောင်သားတွေ မှာ အချိန်ပိုများစွာရှိပြီး Gym ကစားခန်းမမှာ အချိန်ဖြုန်းနိုင်သလို ကမ်းခြေမှာလည်း သွားရောက် အပန်းဖြေနိုင်ပါသေးတယ်။

ကျွန်းမှာ ထောင်သားဦးရေ ၁၁၅ ယောက်ကို ထိန်းသိမ်းထားပြီး ထောင်ဝန်ထမ်း ၆၉ ယောက်ရှိပါတယ်။ ညအချိန်တွေမှာ ထောင်စောင့် ငါးယောက်ပဲ ထားရှိပေမယ့် ထွက်ပြေးသူအကျဉ်းသားတစ်ယောက်မှ မရှိပါဘူး။ Bastoy ထောင်ကို ကမ္ဘာ့လူသားအဆန်ဆုံးထောင်၊ အလွတ်လပ်ဆုံး၊ဇိမ်အကျဆုံးထောင်အဖြစ် နာမည်ပေးထားကြပါတယ်။

Ref: Wikipedia.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။