ကမ္ဘာအနှံခရီးထွက်ရင်း တစ်လ ဒေါ်လာ ခုနှစ်သောင်း လည်ပတ်နေသော စီးပွားရေးလည်းလုပ်နေသော ၂၄ နှစ်အရွယ် မိန်းကလေး

ကုမ္ဗဏီကြီး တစ်ခုမှာ ၂ နှစ်လောက်အလုပ်လုပ်ပြီးတဲ့အခါမှာ အသက် ၂၁ နှစ်အရွယ် ဖိလစ်ပင်း မိန်းကလေး Aileen Adalid ဟာ အလုပ်ကထွက်ခဲ့ပြီး ကမ္ဘာအနှံ့ခရီးထွက်ခဲ့ပါတယ်။ Business Insider နဲ့ အင်တာဗျူးမှာ Adalid က သူမရဲ့အလုပ်က ဘဏ်တစ်ခုမှာဖြစ်ပြီး တစ်လ ဒေါ်လာ သုံးရာဘဲရခဲ့ပါတယ်။ စုထားတဲ့ ဒေါ်လာ၆၀၀ နဲ့အလုပ်ကထွက်ခဲ့တာ ဖြစ်ပါတယ်။

ခရီးတစ်ချိန်လုံးထွက်နေတဲ့သူ ဖြစ်တဲ့အတွက် အွန်လိုင်းကနေပြီး freelance အလုပ်တွေလုပ်ခဲ့ပြီး ခရီးတွေထွက်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာတော့ ဘယ်ဂျီယံမှာ သူမရဲ့သူငယ်ချင်းနဲ့ အခြေချပြီး Amazon ကနေ Adalid Gear ဆိုတဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ လေ့ကျင့်တဲ့ အသုံးအဆောင်တွေ အွန်လိုင်းကနေ ရောင်းခဲ့တာပါ။ ကုန်ပစ္စည်းက လူကြိုက်များသွားပြီး တစ်လ ဒေါ်လာ ခုနှစ်သောင်းအထိတောင် ဝင်ငွေရှိခဲ့ပါတယ်။

ခုချိန်မှာ I Am Aileen ဆိုတဲ့ ခရီးသွားတဲ့ ဘလော့လည်းရှိပြီး သူမခရီးတွေအကြောင်း ရေးတင်လေ့ရှိပါတယ်။ ထိပ်တန်း ခရီးသွား blogger အယောက် ၅၀ ထဲမှာပါပါတယ်။ သူမရဲ့ ကျော်ကြားမှုကြောင့် ဟော်တယ်တွေ ခရီးသွားကုမ္ဗဏီတွေက စပွန်ဆာပေးချင်တာ အမြောက်အများ ရှိပင်မဲ့ လက်မခံဘဲ ကိုယ်ပိုင်ငွေနဲ့ဘဲ သွားပါတယ်။

သူမရဲ့လုပ်ငန်းအတွက် တစ်နေ့ လေးနာရီ အချိန်ပေး အလုပ်လုပ်ပြီး ကျန်တဲ့ အချိန်တွေတော့ ခရီးသွားပြီး သူမဘဝကို နေထိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။