အများစုကတော့ အသည်းကို ထိခိုက်စေခြင်းက အရက်သောက်သုံးခြင်းလို့ ယူဆတတ်ကြပါတယ်။ အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေက အသက်အရွယ်မရွေး ယောင်္ကျား မိန်းမ မရွေး ဖြစ်နေတတ်တယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။ များသောအားဖြင့် အသက် ၄၀ ကျော် အမျိုးသမီးတွေမှာလည်း အသည်းအဆီဖုံးခြင်း ဝေဒနာကို ခံစားရကြပါတယ်။ အသည်းရောင် အသားဝါ ရောဂါဖြစ်ဖြစ်၊ အသည်းအဆီဖုံးခြင်း ဖြစ်ဖြစ်၊ အသည်းကြီးခြင်း ဖြစ်ဖြစ်၊ အသည်းကင်ဆာဖြစ်ဖြစ် ဒီလိုဝေဒနာတွေကို ခံစားကြရတဲ့အခါ အသည်း ကျန်းမာရေး ကောင်းစေဖို့အတွက် မဖြစ်မနေ စားသုံးသင့်သော အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူ - ကြက်သွန်ဖြူတစ်မွှာမနက်ခင်းတိုင်း နေ့စဉ်စားပေးခြင်း ပြုလုပ်ပါ။ (သို့မဟုတ်) ဟင်းချက်ရာမှာ ကြက်သွန်ဖြူထောင်းထည့်ကာ နေ့စဉ်စားသုံးပေးသင့်ပါတယ်။

အစိမ်းရောင် ပန်းဂေါ်ဖီ - အစိမ်ရောင် ပန်းဂေါ်ဖီ ပန်းပွင့်ကို ကြော်စားခြင်း၊ ဖျော်ရည်သောက်ခြင်းကို မကြာခဏ သုံးဆောင်ပေးပါ။

ဂျင်ဆင်း - ဂျင်ဆင်းလက်ဖက်ရည်ကို တနေ့လျှင် နှစ်ခွက်ခန့် သောက်သုံးပေးနိုင်ပါတယ်။

မုန်လာဥနီ- ဥနီဖျော်ရည် ၂ရက်လျှင်တခွက်ခန့် သောက်သုံးပေးနိုင်ပါတယ်။ မုန်လာဥနီကို မကြာခဏ ကြော်စားပေးခြင်း၊ တို့စရာ အဖြစ် စားသုံးခြင်းကို ပြုလုပ်နိုင်ပါတယ်။

အစိမ်းရင့်ရောင် အရွက်များ - ထိုအရွက်များကို ကြော်စား၊ ပြုတ်စား၊ သုပ်စား၊ ဖျော်ရည်သောက်သုံးပေးခြင်းဖြင့် စားသုံးနိုင်ပါတယ်။

လက်ဖက်စိမ်း - လက်ဖက်စိမ်းရည် တနေ့လျှင် နှစ်ခွက်(သို့) သုံးခွက် နေ့စဉ် သောက်သုံးပေးနိုင်သည်။

နနွင်း - လူတစ်ဦးအတွက် နေ့စဉ်လိုအပ်သော နနွင်းပမာဏ 1-3g ကို စားသုံးပေးသင့်ပါတယ်။

ဖော်ပြပါ အစားအစာများက အသည်းကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်တာမို့ အဆိုပါ အစားအစာများကို ရွေးချယ် စားသုံးဖို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။