ပေါ်တူဂီနဲ့ ရီးရဲယ် မက်ဒရစ် ဘောလုံးအကျော်အမော် စီရော်နယ်ဒိုဟာ အခွန်တိမ်းရှောင်မှုအတွက် ထောင်ဒဏ်ကို ရှောင်လွှဲနိုင်ဖို့အတွက် ဒဏ်ကြေး ယူရို ၁၈ ဒဿမ ၈ သန်း( ပေါင် ၁၆.၄ သန်း ) ကိုပေးဆောင်ဖို့ လက်ခံခဲ့တယ်လို့ သတင်းတွေထွက်လာပါတယ်။အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်က အခွန်ငွေ ယူရို ၁၄.၈ သန်းကို ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရသလို စွပ်စွဲချက်တွေကို သူက ပယ်ချခဲ့တာပါ။

ရော်နယ်ဒိုက ယူရို ၁၄ သန်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ်က ပေးဖို့ အစိုးရဘက်ကို ကမ်းလှမ်းခဲ့ပြီး အစိုးရက အဲဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ El Mundo သတင်းက ဖော်ပြပါတယ်။ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွ အုပ်စုပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ သရေပွဲမှာ စီရော်နယ်ဒိုဟာ သုံးဂိုး သွင်းယူခဲ့ပြီးအဲဒီ ပွဲစဉ်မတိုင်ခင်မှာပဲ ဒီသတင်းဟာ ပေါ်ထွက်လာတာဖြစ်ပါတယ်။လတ်တလောအတွင်းမှာတော့ အခွန်ရှောင်တဲ့ ဘောလုံးသမားတွေကို စပိန်တရားရုံးက စစ်ဆေးမှုတွေ လုပ်နေတာပါ။ အခွန်ကိစ္စ အခုလို ဆွေးနွေးချက်တွေ ရှိနေတာကြောင့် ရော်နယ်ဒိုအနေနဲ့ ထောင်ဒဏ်ကျခံရမယ့် အလားအလာတော့ မရှိပါဘူး။ စပိန်ဥပဒေအရတော့ ထောင်ဒဏ် ၂ နှစ်ကျခံရသူဟာ ထောင်ထဲမှာနေစရာမလိုပဲ ဆိုင်းငံ့ထောင်ဒဏ် အနေနဲ့သာ နေခွင့်ရှိနေတာဖြစ်ပါတယ်။


၂၀၁၁ ခုနစ်ကနေ ၂၀၁၄ ခုနစ်အကြား သူ့ရဲ့ ပုံရိပ်အသုံးပြုမှုကနေ ရရှိတဲ့ ငွေတွေကို သူက ဝင်ငွေအဖြစ် မဖော်ပြခဲ့ဘဲ အခွန်ရှောင်ဖို့ ကြိုးစားခဲ့တာလို့ စွပ်စွဲခံထားရခဲ့ရတာပါ။သူအနေနဲ့ စပိန် အခွန်ဌာနနဲ့ ညှိနှိုင်းချင်ခဲ့ပုံရတယ်လို့ ဆိုခဲ့ကြပေမယ့် သူကိုယ်တိုင်နဲ့ သူ့ရဲ့ အေးဂျင်ကတော့ အဲဒီ မှန်းဆပြောဆိုချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။ဒီ သတင်းထွက်လာခဲ့တဲ့ အချိန်ဟာ စပိန်နဲ့ ပေါ်တူဂီအသင်းတို့ မကစားခင် အချိန်ပိုင်း အတွင်းမှာ ဖြစ်ခဲ့တဲ့ အတွက် သတင်းဖော်ပြချက်အပေါ် မေးခွန်းထုတ်စရာတွေလည်း ရှိလာခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုဟာ ဆိုချီမြို့က အိုလံပစ် ဘောလုံးကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကောင်းစွာ ကစားနိုင်ခဲ့ပြီး သရေကျခဲ့တဲ့ ပွဲစဉ်အတွက် ၃ ဂိုးစလုံးကို သွင်းယူနိုင်ခဲ့တဲ့ အကောင်းဆုံး ဘောလုံးသမားတစ်ယောက် ဖြစ်နေဆဲဆိုတာ ကို တော့ ငြင်းပယ်လို့ မရပါကြောင်း ။

Source - BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။