နာနတ်သီးက ကျန်းမာရေးအတွက်များစွာ အကျိုးရှိပါတယ်။ နာနတ်သီးကို ကပ်ပါးပိုး၊ သန်ကောင်များ နှိမ်နင်းရန်အတွက်အသုံးပြုပြီး အစာအိမ်ပြဿနာများကို သက်သာစေပါတယ်။ ဓမ္မတာလာစေဖို့ တွန်းအားပေးတဲ့ အနေနဲ့လည်း အသုံးပြုပါတယ်။ နာနတ်သီးမှ ကင်ဆာဆဲလ်ကြီးထွားခြင်းကို နှောင့်ယှက်တားဆီးပြီး သွေးခဲခြင်းကို တားကာ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။

နာနတ်သီးတွင် ဗီတာမင်ဘီ အုပ်စု၊ ဗိုက်တာမင်စီနှင့် မဂ္ဂနီးစ် သတ္တုဓာတ်များ အလွန်ကြွယ်ဝစွာ ပါရှိသဖြင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသော စားသုံးသင့်သော သီးနှံတစ်မျိုး ဖြစ်ပါတယ်။ နာနတ်သီးက အစာကြေလွယ်ခြင်း၊ အရိုးအဆစ် ရောင်ရမ်း နာကျင်ခြင်း၊ သွေးခဲခြင်းတို့အား သက်သာ ကာကွယ်ပေးခြင်းနှင့် အရိုးပွခြင်းတို့မှ ကာကွယ်ပေးပါတယ်။ ထို့အပြင် နာနတ်သီးက အအေးမိနှာစေးခြင်း၊ ချောင်းဆိုး ခြင်းနှင့် နှာရည်ယိုခြင်းတို့အား သက်သာ ပျောက်ကင်းစေပြီး တုပ်ကွေးရောဂါ ဖြစ်ပွားမှုကိုလည်း တားဆီးကာကွယ်ပေးပါတယ်။

သို့သော် နာနတ်သီးတွင် ဗိုက်တာမင်စီ ဓာတ် ပါဝင်မှုများသဖြင့် လွန်ကဲစွာ စားသုံးခြင်းဖြင့် ဝမ်းလျှောခြင်း၊ ပျို့အန် ခြင်း၊ ဗိုက်နာခြင်းနှင့် ရင်ပူခြင်းတို့ ခံစားရစေနိုင်ပါတယ်။ မမှည့်သေးသော နတ်နတ်သီး အစိမ်းကို စားသုံးခြင်းက စားသုံးသူကို အဆိပ် အတောက်ဖြစ်စေသောကြောင့် နာနတ်သီး အစိမ်း စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နာနတ်သီးကို အလွန်အကျွံ စားသုံးမိတဲ့ အခါ အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ရာသီသွေးဆင်းများခြင်း၊ ပျို့ခြင်း ၊ အရေပြား အနီကွက်ထခြင်း နှင့် ပါးစပ်နှင့် ပါးများ ရောင်ရမ်းခြင်း တို့ဖြစ်စေနိုင်ပါတယ်။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီး မိမိကျန်းမာရေးအတွက် သင့်တော်သလို စားသုံးကြဖို့ အကြံပြုချင်ပါတယ်။ မိမိခံစားနေရသော ဝေဒနာနှင့် သင့်တော်ခြင်း ရှိ/ မရှိကို သိရှိစေရန်အတွက် ဆရာဝန်နှင့် ပြသတိုင်ပင်တာ အကောင်းဆုံး ဖြစ်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်ကြပါစေ။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။