ဘယ်လိုကြောင့်များ လက်ပုံစံဟာ ဒီလို ထူးထူးဆန်းဆန်းကြီးဖြစ်သွားရတာပါလိမ့်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၂ရအရွယ်ရှိ Abul Bajanderဟာ သစ်ပင်လူသားဆိုပြီး နာမည်ကျော်ပါတယ်။ သူ့ရဲ့လက်ချောင်းတွေဟာ သစ်ပင်အမြစ်တွေ၊ အကိုင်းအခက်တွေလို ဖြာထွက်နေတာကြောင့် သစ်ပင်လူသားလို့နာမည်ကျော်တာဖြစ်ပါတယ်။

တကယ်တော့ Abul ဟာ Epidermodysplasia verruciformis လို့ခေါ်တဲ့ ရှားပါးအရေပြားဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ သူဟာ ခွဲစိတ်မှုပေါင်း ၁၆ခုကို ပြုလုပ်ခဲ့ရပြီးဖြစ်ပြီး သူ့ရဲ့လက်ကနေ အမြစ်လိုဖြစ်နေတဲ့ အရာတွေ အလေးချိန် ၁၁ ပေါင်စာ ဖယ်ရှားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နဂိုလက်လိုဖြစ်ဖို့အတွက် နောက်ထပ်ခွဲစိတ်မှုတွေပြုလုပ်ရဦးမယ်လို့ ဆိုပါတယ်။ သူ့အကြောင့်အပြည့်အစုံကိုတော့ အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။