ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ကျောက်တံခါးမြို့နယ် မိုင်တိုင်အမှတ် ရ၆/၀ အနီး မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းဦးမြင့်ဇော်လွင် မောင်းနှင် လာသော STAREX မော်တော်ယာဉ်မှာ လမ်းယာ ဘက်မြေသားပေါ် ရပ်နား၍ လမ်းမကြီး တစ်ဘက်ခြမ်းရှိ ထမင်းဆိုင်သို့ ထမင်းစားပြီး လမ်းတစ်ဘက်ရှိ မော်တော်ယာဉ်သို့ ပြန်လာကြရာ ၎င်းယာဉ်ပေါ်ပါရှိသူ ဦးသန်းအောင် နတ္တလင်းနေသူမှာ ယာဉ်မောင်း ဦးကျော်ကျော်မြင့် မောင်းနှင်လာသော ရွှေတောင်ရိုး EXPRESS ယာဉ်မှ ယမန်နေ့ည ၉နာရီ ၃၅မိနစ်တွင် ၀င်တိုက်ခဲ့မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် EXPRESS ခရီးသည်တင်ယာဉ် ပေါ်ပါခရီးသည်များ အန္တရာယ် ကင်းခဲ့သော်လည်း ယာဉ်တိုက်ခံရသူ ဦးသန်းအောင်မှ ဦးခေါင်းဝဲဘက် ပေါက်ပြဲ၊ ၀ဲပါးပွန်းပဲ့၊ ပါးစပ်သွေးထွက်၊ ၀ဲနဖူးပေါက်ပြဲ၊ ၀ဲလက်ပွန်းပဲ့(အတွင်းလူနာ- စိုးရိမ်ရ) ဒဏ် ရာများရရှိခဲ့သည်။

သို့ပါ၍ ဒဏ်ရာပြင်းထန်စွာရရှိသူ ဦသန်းအောင်အား မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းပိုင် မော်တော်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ အမြန်လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားလာခွင့်မရှိဘဲ လမ်းဖြတ်ကူးသူအား ရာစသတ် ကြီး ပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)

ဓါတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။