မနေ့ညကကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ တူနီးရှားအသင်းတို့ရဲ့ ပွဲမှာတော့အင်္ဂလန် က၂ဂိုး၁ဂိုးနဲ့ ကပ်နိုင်သွားခဲ့ပါတယ်။ ပရိသတ်တွေထင်ထားသလို ဂိုးမပြတ်ခဲ့ဘဲ နောက်ဆုံးမိနစ်မှာမှ ကိန်းဂိုးသွင်းသွာတာကြောင့် ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပါတယ်။အဆိုပါပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ဟာရီကိန်းကရရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းကိုတော့ ဟာရီကိန်းကဦးဆောင်လာပြီး ပွဲကစားချိန်တော်တော်များများကို အင်္ဂလန်ကပဲ စိုးမိုးထားပါတယ်။အဆိုပါပွဲမှာ ဂိုးမပြတ်ရတဲ့ကြောင်းကတော့ စတာလင်းခြေစွမ်းမပြနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လင်ဂတ်ဂိုးကံခေတာကြောင့်လဲပါဝင်ပါတယ်။နေက်တစ်ချက်ကတော့ ဘယ်နောက်ခံလူ ယန်းက အမြင့်ဘောတစ်လုံးနှစ်လုံးလောက်သာ ဖြတ်တင်ပေးနိုင်ပြီး ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပါတယ်။  

အင်္ဂလန်အသင်းဟာ တစ်ခြားအသင်းကြီးတွေထက်တော့ ခြေစွမ်းကောင်းမွန်နေခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ၁၉၅၈ နောက်ပိုင်း အသက်အငယ်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန် အသင်း အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။အင်္ဂလန်အသင်းဟာ ၁၂ နှစ် အကြာမှာ ၁ ပွဲတည်း ၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။အဆိုပါပွဲကိုကြည့်တဲ့ ပရိသတ်ကြီးလဲ အင်္ဂလန်အသင်းဘာကြောင့်ကပ်နိုင်သွားခဲ့ပြီး ဘာတွေလိုအပ်နေလဲဆိုတာ commentမှာ ဝင်ရောက်မန့်ပေးလို့လဲရပါတယ်။

photo : google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။