လူငယ်အများစုနဲ့ လူလတ်ပိုင်းအရွယ်တွေမှာ ဝက်ခြံက အများဆုံး တွေ့ရလေ့ ရှိပါတယ်။ တစ်ခါတစ်ရံမှာ ဝက်ခြံကို ကုစားနေပေမယ့်လည်း သက်သာမယ့် နည်းလမ်းတွေ အကုန်လုပ်နေပေမယ့်လည်း ဝက်ခြံ မသက်သာတာကို တွေ့ကြုံခံစားရပါတယ်။ တကယ်တော့ ဝက်ခြံဆိုတာက အစားအသောက်နဲ့နေရာ အနေအထိုင်နဲ့ပါ သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် သတိမထားမိတဲ့ ပြုမူလေ့ ရှိတဲ့ အမှားတွေကြောင့် ဝက်ခြံကို ပိုဆိုးလာနိုင်တာကြောင့် ဒီအချက်တွေကို ဆင်ခြင်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ မသန့်ရှင်းသော အရာများနှင့် မျက်နှာကို ထိတွေ့ခြင်း။

မျက်နှာသုတ်ပဝါ၊ ခေါင်းအုံး၊ စောင် စတဲ့ အိမ်တွင်းသုံး ပစ္စည်းများက သန့်ရှင်းမှု မရှိဘဲ မျက်နှာကို တိုက်ရိုက် ထိတွေ့မိတဲ့အခါ ဘက်တီးရီးယားပိုးတွေ ရောက်ရှိလာပါတယ်။ သန့်ရှင်း သပ်ရပ်မှု မရှိသော ဆံသားက မျက်နှာ အရေပြားပေါ် ကျရောက်နေတတ်တဲ့ အခါမျိုးမှာလည်း ဝက်ခြံကို ပိုဆိုးရွားစေနိုင်ပါတယ်။ မသန့်ရှင်းသော လက်နှင့် မျက်နှာကို ပွတ်သပ်ခြင်း၊ ဝက်ခြံညှစ်ခြင်းကိုလည်း မဖြစ်မနေ ရှောင်ကြဉ်သင့်ပါတယ်။

၂။ စိတ်မရှည်ခြင်း။

ဝက်ခြံကို ကုသတဲ့အခါမှာ စိတ်ရှည်ဖို့ လိုသလို ဝက်ခြံ ပျောက်ဖို့အတွက်လည်း စိတ်ရှည် သည်းခံဖို့ လိုပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းလည်း သေချာစွာ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ စိတ်မရှည်ဘဲ ဝက်ခြံကို အလွယ်နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတာကလည်း ဝက်ခြံကို မသက်သာတဲ့အပြင် ပိုဆိုးစေနိုင်ပါတယ်။

၃။ နှစ်ကြိမ်ထက် ပို၍ မျက်နှာသစ်ခြင်း။

မျက်နှာပေါ်မှာရှိတဲ့ အဆီတိုင်းက ဝက်ခြံကို ဖြစ်စေတတ်တာ မဟုတ်ကြောင်း သတိထားသင့်ပါတယ်။ ဝက်ခြံပျောက်ချင်တဲ့စိတ်နဲ့ မျက်နှာကို မကြာခဏ သစ်ခြင်းက မျက်နှာအရေပြားကို ထိခိုက်စေပေါတယ်။ မျက်နှာသစ်ဆေး အပျော့စားနဲ့ ရေသန့်နဲ့ မျက်နှာကို တစ်နေ့ နှစ်ကြိမ်ခန့် သစ်ခြင်းက အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

၄။ ဝက်ခြံတွေကို ညှစ်ခြင်း၊ ကိုင်ခြင်း။

ဝက်ခြံကို ညှစ်လိုက်ခြင်းက ဝက်ခြံ ပျောက်မသွားစေတဲ့အပြင် အရေပြားကိုပါ ထိခိုက်စေပြီး အမာရွတ် ဖြစ်စေပါတယ်။ ဒါ့အပြင် ဝက်ခြံ ရောင်ရမ်းခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

၅။ အစားအသောက် မဆင်ခြင်လွန်းခြင်း။

ပေါင်မုန့်ဖြူ၊ သကြားလုံး၊ ကိတ်မုန့် ၊ အာလူးတို့လို အချိုဓာတ်များများ ပါဝင်တဲ့ အစားအစာတွေက ဝက်ခြံဖြစ်ခြင်းကို အားပေးရာရောက်ပါတယ်။ အဆီအဆိမ့်များနှင့် အငန် စားလွန်းခြင်းကလည်း ဝက်ခြံ ပိုပေါက်စေနိုင်ပါတယ်။

ဖော်ပြပါ အချက်များကို ဂရုစိုက် ဆင်ခြင်နေသော်လည်း ဝက်ခြံပေါက်နှုန်းက လျော့မသွားဘူး ဆိုရင်တော့ အရေပြား ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။ အရေပြား ဆရာဝန်နှင့် ပြသ မတိုင်ပင်ခင် မိမိကိုယ်တိုင် ဆင်ခြင်နိုင်ကြစေဖို့ ဆန္ဒပြုလိုက်ပါတယ်။

အားလုံးပဲ လှပစိုပြေသော အသားအရေလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။