Cele Cele Small နှင့် ပတ်သက်ပြီး အနုပညာရှင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ဟာ LGBT တစ်ယောက်ဖြစ်တဲ့ မျိုးကိုကိုဆန်းကို အမှုဖွင့်ကာ ဖမ်းဆိုနေတယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်။ အများစုကတော့ ခရိုနီ အကူအညီယူကာ ပါဝါသုံးတယ်ဆိုပြီး ဝတ်မှုန်ရွှေရည်ကို ရှုတ်ချနေကြပါတယ်။ မျက်မြင်သက်သေတွေပြောကြားချက်အရတော့ ဖမ်းဝရမ်းမပါဘဲ ၆၆ဃ ဆက်သွယ်ရေးပုဒ်မနှင့် သက်သေမရှိ သံသယ မှုနှင့် ဖမ်းခေါ်သွားလို့ မကျေမနပ်ဖြစ်နေကြပါတယ်။

ဝတ်မှုန်ရွှေရည် ဘက်က သူမ အမှုဖွင့်တာ မဟုတ်ဘဲ သူမ အမေ ကဖွင့် တာပါလို့ပြောကြားခဲ့သော်လည်း ရန်ကင်းရဲစခန်းကတော့ ဝတ်မှုန်ရွှေရည် ကိုယ်တိုင် လာရောက်ဖွင့် သွားတာလို့ပြောခဲ့ပါတယ်။ ဝတ်မှုန်ရွှေရည်ရဲ့ ဖေ့ဘွတ်အကောင့် ဟာ Deactive ဖြစ်ကာ အကောင့် ပိတ်သွားခဲ့တယ်လို့လဲသိရပါတယ်။ Cele Cele Small အနေနှင့် မျိုးကိုကိုဆန်းဟာ သူမ မဟုတ်ဘူးဆိုတာပြောကြားခဲ့ပါတယ်။

သက်သေမခိုင်လုံ၍ မျိုးကိုကိုဆန်း ပြန်လွတ်လာခဲ့လျှင် အသရေ ဖြတ်မှုနှင့် တရားပြန်စွဲ မယ်ဆိုပြီးပြောနေကြပါတယ်။ မင်းသမီးလေးဟာ ယခုလောလောဆယ်မှာတော့ ပြည်သူတော်တော်များများရဲ့ အမုန်းကို ခံနေရပြီး သူမဖန်တွေကတော့ မသေချာဘဲ မလုပ်နိုင်ဘူးလို့ ငြင်းနေကြပါတယ်။ မင်းသမီးလေး မှန်းထားတဲ့ အတိုင်း Cele Cele Small ဟာ မျိုးကိုကိုဆန်း အတွက် လူရှေ့ထွက်လာပါ့မလား....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။