အမေရိကန်နိုင်ငံရဲ့ ထင်ရှားလှပတဲ့ Mount Rushmore ဆိုတဲ့ ကျောက်တုံးတွေပေါ်မှာ လက်ရာသေသပ် လှပလွန်းတဲ့ ရုပ်တုလေးတု ကို ထုလုပ်ထားပါတယ်။ ဒီရုပ်ထုလေးရုပ်ကတော့ အမေရိကန်နိုင်ငံရဲ့ သမ္မတသမိုင်းမှာ စွမ်းစွမ်းတမံ ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ လေးယောက်ရဲ့ ရုပ်တုတွေပဲ ဖြစ်ပါတယ်။ 

အဆိုပါ Mount Rushmore ဟာ အမေရိကန်နိုင်ငံ South Dakota ပြည်နယ်မှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။ အဆိုပါ သမ္မတလေးယောက်ကတော့ ဂျော့ဂျ်ဝါရှင်တန် ၊ သောမတ်ဂျက်ဖာဆန် ၊ သီအိုဒိုရုစဗဲ့ ၊ အေဗရာဟမ်လင်ကွန်း တို့ပဲဖြစ်ပါတယ်။ သမ္မတ တွေရဲ့ မျက်နှာကို ထုလုပ်ထားတဲ့ လက်ရာကတော့ ပီပြင်လွန်းလှတာကြောင့် မြင်သူတိုင်းကို ငေးမော မှင်တက်စေခဲ့ရပါတယ်။ 

ဒီရုပ်ထုလေးခုရဲ့ နောက်ကွယ်က ဖန်တီးထားတဲ့ ဆရာကတော့ အမေရိကန် ကျောက်ဆစ်ပန်းပုပညာရှင် Gutzon Borglum က သူ့သား( Lincoln Borglum)ရဲ့ အကူအညီနဲ့အတူ ၁၉၂၇ခုနှစ်ကနေ ၁၉၄၁ခုနှစ် အထိ ၁၄နှစ် ခန့်ကြိုးစားထုလုပ်ခဲ့တာဖြစ်ပါတယ်။ အစပိုင်းကတော့ ဦးခေါင်းတင်မက ကိုယ်လုံးအထိထွင်းထုဖို့ရည်ရွယ်ခဲ့ပေမယ့် အခက်အခဲတွေကြောင့် ဦးခေါင်းပိုင်းတွေကိုပဲ ထွင်းထုနိုင်ခဲ့ပါတယ်။ သမ္မတဦးခေါင်းပုံတွေရဲ့ အမြင့်ဟာ ပေ ၆၀စီရှိပါတယ်။ 

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။