မနေ့ကကစားခဲ့တဲ့ဆီနီဂေါနဲ့ ပိုလန်တို့ရဲ့ပွဲမှာတော့ ဆီနီဂေါအသင်းက 2ဂိုး 1ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆီနီဂေါအသင်းကိုမာနေးကဦးဆောင်လာပြီးနောက်တန်းကိုတော့ နာပိုလီကကူလီဗာလီကဦးဆောင်လာပါတယ်။ပိုလန်ကိုတော့ရော်ဘင် ဒေါ့စကီးကဦးဆောင်လာခဲ့တာပါ။နှစ်သင်းစလုံးအပြန်အလှန်တိုက်စစ်ဆင်ခဲ့ပြီး ပိုလန်အသင်းက ဘောလုံးအသားစီးရပေမဲ့ ပွဲအပြီးမှာတော့ ပိုလန်ကရုံးနိမ်ခဲ့ပါတယ်။

ဆီနီဂေါပရိသတ်တွေကတော့ သူတို့အသင်းအနိုင်ရရှိခဲ့လို့ ပျော်ရွှင်နေတဲ့အပြင် သူတို့ရဲ့စိတ်ဓာတ်တွေကိုပြသတဲ့အနေဖြင့် အောင်ပွဲခံရင်း ဖွကြဲခဲ့မိကြတဲ့ အမှိုက်တွေကို ပြန်လည် ရှင်းလင်းကောက်သိမ်းခဲ့တဲ့အပြင် ခုံတွေကိုပါ စနစ်တကျပြန်စီပေးခဲ့ပါတယ်။ဆီနီဂေါ ပရိသတ်တွေရဲ့ လေးစားဖွယ်စိတ်ဓာတ်ကတော့ ဘောလုံးပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ 

အခုလို သူတို့အသင်းအနိုင်ရလို့ ကွင်းအတွင်းသန်ရှင်းရေးလုပ်တာ ဆီနီဂေါပရိသတ်တွေတင်မဟုတ်ပါဘူး။ကိုလံဘီယာကိုအနိုင်ရခဲ့ပြီး အာရှရဲ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ဂျပန်အသင်းရဲ့ပရိသတ်တွေကလဲ ကွင်းအတွင်းသန့်ရှင်းရေးလုပ်ပေးခဲ့ကြပါတယ်။မနေ့ကတော့ ဂျပန်အနိုင်ရလို့ အာရှပရိသတ်တွေကတော့ ဝမ်းသာမဆုံးဖြစ်နေကြပါတယ်။

source : daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။