မြန်မာ့သူရဲကောင်းကြီးအောင်လအန်ဆန်းကတော့ ဖခင်ကောင်းတစ်ယောက်ပီသမှုကို လိုချင်တပ်မတ်မောသူတစ်ယောက်ပဲဖြစ်ပါတယ်။ သားငယ်အောင်ဒီးကို ချစ်ခြင်းမေတ္တာအပြည့်ပေးစွမ်းနိုင်ခြင်းမရှိခဲ့ပေမယ့် ရရှိတဲ့ အချိန်တိုင်းကို သားလေးအတွက်အဓိကအသုံးချတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။  

အဖေများနေ့အမှတ်တရအဖြင့် အောင်ဒီးလေးရဲ့ ငယ်ဘဝအမှတ်တရများနှင့်အတူ ဖခင်မေတ္တာအကြောင်း ကိုပြောပြခဲ့တာတွေ့ရပါတယ်။ အဆိုပါ အောင်လရဲ့စာသားလေးကတော့

"ဒီ post က ဖခင်နေရာရောက်နေတဲ့ မိတ်ဆွေတွေအားလုံးအတွက် ရည်ရွယ်ပါတယ်။Happy Father's day ပါ။

တကယ်တော့ ဖခင်ဆိုတဲ့နေရာဟာတာဝန်ကြီးသလိုအထူးအခွင့်အရေး တစ်ရပ်လည်းဖြစ်ပါတယ်။ ဖခင်နေရာမရောက်သေးသရွေ့ တစ်ယောက်ယောက်ကိုချစ်ခြင်းမေတ္တာတွေဘယ်လောက်ဝေမျှနိုင်မလဲဆိုတာ မသိနိုင်ဘူးပါဘူး။

မိတ်ဆွေတွေကိုပြောချင်တာက ဒီ ၂၀၁၈ မှာ အတော်ဆုံးဖခင်တွေဖြစ်အောင် ကြိုးစားဖို့ပါ။ 

လက်ရှိမှာတော့ ကျွန်တော်ကလောလောဆယ် june 29 မှာထိုးမယ့် ပွဲအတွက်ပြင်ဆင်ဖို့အောင်ဒီးလေးနဲ့တစ်နေရာဆီဖြစ်နေတယ်။

ဒီပွဲပြီးတဲ့အချိန်သားလေးနဲ့ကျွန်တော်ပြန်ဆုံမယ်။

ဒီvideoကတော့အောင်ဒီးလေးမွေးကာစကနေ အခုအရွယ်အထိ ပုံရိပ်တွေရယ် ကျွန်တော်နဲ့ ကျွန်တော့်အဖေကြားက အမှတ်တရတွေကို ဒီနေ့မှာဝေမျှပေးလိုက်တာဖြစ်ပါတယ်။" ဟူ၍ ဗီဒီယိုဖိုင်လေးနှင့်အတူ ပြသထားတာတွေ့ရပါတယ်။ ချစ်စရာအောင်ဒီးလေးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးကြည့်ဖို့ မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။