ပရိသတ်အချစ်တော် မင်းသမီးချော စမိုင်းလ်တို့ မိသားစုလေးကတော့ အလှူအတန်းကိစ္စတွေမှာ ထိပ်ဆုံးက ပါဝင်လေ့ရှိပြီး တကယ့်ကို ရက်ရက်ရောရော လှူဒါန်းမှုတွေပြုလေ့ရှိတာကြောင့် ပရိသ တ်တွေ အမြဲသာဓုခေါ်ဆိုမဆုံးဖြစ်နေ ရတာပဲဖြစ်ပါတယ်။မကြာခဏဆိုသလိုလည်း သူမတို့မိသား စုလေးရဲ့ အလှူအတန်းသတင်းလေးတွေ ကြားရလေ့ရှိပြီး ဒီနေ့မှာလည်း ရွှေစင်ရွှေသားစစ်စစ် နဲ့ ပြုလုပ်ထားတဲ့ စိပ်ပုတီးတစ်ကုံးကို အောင်ဇမ္ဗူတောရဆရာတော်ထံတွင် သွားရောက်လှူဒါန်းခဲ့တယ် လို့သိရပါတယ်။သူမတို့မိသားစုလှူဒါန်းခဲ့တဲ့ လှူဖွယ်ပစ္စည်းလေးကတော့ ရွှေစင်ရွှေသားလေး ကျပ်ခွဲသားတိတိနဲ့ ပြုလုပ်ထားတဲ့ စိပ်ပုတီးလေးကို သဒ္ဒါတရားထက်သန်စွာလှူဒါန်းခဲ့တာကြောင့် ပရိသတ်တွေ အားလုံး သာဓု ခေါ်ဆို မဆုံးဖြစ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလည်း " ဒီနေ့အောင်ဇမ္ဗူ ကျောင်းမှာဆရာတော်ကို နေ့ဆွမ်း သင်္ကန်း နဝကမ္မအပြင် ရွှေစင်၄ကျပ်ခွဲသားတန်ဖိုးရှိ စိတ်ပုတီး လေး လှူဒါန်းခဲ့တယ် " ဆိုတဲ့စာလေးနဲ့ အတူ မွန်မြတ်လှတဲ့ သူမတို့မိသားစု အလှူလေးကို ပရိသတ် တွေသာဓုခေါ်ဆိုနိုင်ရန်မျှဝေထားတာပဲ ဖြစ်ပါတယ်။ဆရာတော်အား နေ့ဆွမ်းသင်္ကန်း နဝကမ္မ လှူ ဒါန်းခဲ့တဲ့ အပြင် အဆိုပါရွှေသားစစ်စစ် စိပ်ပုတီးကိုလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။သို့ပေမယ်လည်း သူမတို့ရဲ့ အလှူလေးအပေါ် တစ်ချို့သော ပရိသတ်တွေ ဝေဖန်မှုတစ်ချို့ခံနေရ ပါတယ်။

သူမတို့အခုလိုလှူမယ့်အစား တကယ်လိုအပ်နေတဲ့နေရာတွေ မိဘမဲ့ ဂေဟာတွေ စသည့်ဖြင့် သွားရောက်လှူဒါန်းသင့်တယ်ဆိုပြီး ပရိသတ်တစ်ချို့ကဝေဖန်မှုတွေ ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။သူမအနေနဲ့ကတော့ သန့်ရှင်းတဲ့ သဒ္ဒါစေတနာနဲ့ ထက်သန်သောသဒ္ဒါတရားတို့ကို ဦးထိပ် ပန်ဆင်ပြီး လှူဒါန်းမှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ဝေဖန်တဲ့ ပရိသတ်တွေ အကြံပေးထားတဲ့ အတိုင်း မိဘမဲ့ဂေယာတွေ အကူညီလိုအပ်နေတဲ့ နေရာတွေမှာလည်း သူမတို့ မိသားစုရဲ့ အလှူအတန်းပြုမှုတွေကို မြင်တွေ့နေရပြီး ဇွန်လ(၂၁)ရက်နေ့ မနက်ဖြန်မှာလည်း ပန်းပျိုးလက်ကျောင်းမှာ မိဘမဲ့ကလေး ၄၃၀ကိုနေ့လည်စာထမင်းနဲ့မုန့်တွေဝယ်ပြီးကိတ်ခွဲ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ပရိသတ်တစ်ချို့ရဲ့ ဝေဖန်မှုတွေအပေါ် ဘားမှတုန့်ပြန်ခြင်း မရှိခဲ့ပေမယ့် " ရှိတဲ့နေရာတွေကိုလှူသလိုမရှိတဲ့နေရာတွေလည်းလှုပါတယ်နော်" ဆိုတဲ့စာလေး သူမရဲ့ လူမှုကွန်ယက်မှာရေးသားခဲ့တာကိုမြင်တွေ့ရပါတယ်။စမိုင်းလ်တို့ကြည်နူးဖွယ်မိသားစုလေးကို ချစ်တဲ့ပရိသတ်တွေကလည်း သူမတို့ရဲ့ မွန်မြတ်လှတဲ့ အလှူလေးတွေကို သာဓုခေါ်ဆိုလိုက်ကြ ပါအုန်းနော်။  

သတင်းအရင်းအမြစ် - စမိုင်းလ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။