တရားဥပဒေဘောင်အတွင်းကနေ ပြန်လည်ဖြေရှင်းသွားမယ်ဆိုတဲ့ မျိုးကိုကိုစန်း

လွန်ခဲ့တဲ့ရက်အနည်းငယ်က အလှမယ် မျိုးကိုကိုစန်းဟာ ဘန်ကောက်မှ ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းခံခဲ့ရသည်။ အကြောင်းမှာ လူမှုကွန်ယက်ပေါ်တွင် CCS အမည်ရ page တစ်ခုမှ ဝတ်မှုန်ရွှေရည်နှင့်ပတ်သတ်သည့် သတင်းများအား ဖော်ကောင်လုပ်ရေးသားခြင်းနှင့်ပတ်သတ်၍ မျိုးကိုကိုစန်းကို သံသရှိသူအနေဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တရားလိုမှာ နိုင်ငံကျော် ထိပ်တန်းမင်းသမီး ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စကြောင့် LGBT လှုပ်ရှားသူတွေကြား ဂယက်ထခဲ့သလို မျိုးကိုကိုစန်းမဟုတ်လျှင် ဝတ်မှုန်ရွှေရည်အား ပြန်လည်တရားစွဲဆိုမည် ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ပါတယ်………

ယနေ့ မျိုးကိုကိုစန်း ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ သူမလွတ်မြောက်လာပြီဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်သွားမည့် အစီအစဉ်တွေနဲ့ ပတ်သတ်ပြီး

"ညီမပြန်ထွက် လာပါပြီ

CIA က ညီမဖုန်းကိုစစ်ဆေးတာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကင်းရှင်းကြောင်း အတည်ပြုစစ်ဆေးချက်ရလို့ ပြန်ထွက်လာပါပြီ

စိတ်ပူနေကြတဲ့သူတွေ စိတ်မပူအောင်လို့ အကြောင်းကြားတာပါ

အားလုံးကို ကျေးးဇူးတင်ပါတယ် ဖုန်းကတော့ လက်ရှိ သိမ်းထားဆဲဖြစ်လို့ fb အချိန်ပြည့်တော့ရှိနေမှာ မဟုတ်ပါဘူး အားလုံးဝမ်းသာအောင်လို့ပြောပြတာပါ ဘယ်သူ့ ဘယ်သူ့ကိုမှ ဘာမှ မပုတ်ခတ်ကြပါနဲ့ ညီမ မကြာခင် ဥပဒေဘောင်အတွင်းကပဲ ပြန်လာပါ့မယ်

အားလုံးပျော်အောင် အမဖုန်းယူသုံးရတယ် :* :* :*" ဆိုပြီး ရေးသားထားပါတယ်………

Source: Myo Ko Ko San

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။