မနေ့က ကစားခဲ့တဲ့ စင်ကာပူနိုင်ငံရှိ ဘီရှမ်းအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော စင်ကာပူ ၂၃အသင်းနဲ့ မြန်မာယူ ၁၉အသင်းတို့ပွဲမှာတော့ မြန်မာယူ၁၉အသင်းက အသက်ငယ်သော်ကြောင့်မြန်မာပရိသတ်တွေက သရေလောက်သာ မျှော်မှန်းခဲ့သော်လဲ မြန်မာယူ၁၉အသင်းက စင်ကာပူယူ၂၃အသင်းကို နှစ်ဂိုးပြတ်နဲ့ ဂိုးပြတ်နိုင်ခဲ့လို့ မြန်မာဘောလုံးပရိသတ်တွေဝမ်းသာမဆုံးဖြစ်ခဲ့ပါတယ်။

ဦးမျိုးလှိုင်ဝင်းကတော့ " အကောင်းဆုံးကြိုးစားခဲ့တဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ စင်ကာပူအသင်းက တစ်ကယ် ကောင်းတဲ့ အသင်းတစ်သင်းပါ။ အနိုင်ရခဲ့ပေမယ့် ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင်စင်ကာပူအသင်းက ကံမကောင်းခဲ့ဘူး" လို့ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

မြန်မာအသင်းအနေဖြင့်ဘောလုံးကိုင်ကစားခဲ့ပြီး စင်ကာပူယူ-၂၃အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကိုလဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။မြန်မာအသင်းအတွက်ဂိုးတွေကိုတော့ ၄၂ မိနစ်တွင် ဝင်းနိုင်ထွန်း၊ ၆၂ မိနစ်တွင် ရဲရင့်အောင်တို့က သွင်းယူပေးခဲ့ကြသည်။မြန်မာအသင်းဟာ အရင်ကထက်ခြေစွမ်းကောင်မွန်နေခဲ့တာအမှန်ပဲဖြစ်ပါတယ်။ ယခုခြေစွမ်းအတိုင်းဆိုလျှင် မြန်မာအသင်းအနေဖြင့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ရေပန်းစားနေပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။