မနေ့ကကစားခဲ့တဲ့ ပေါ်တူဂီနဲ့ မော်ရိုကိုအသင်းတို့ပွဲမှာတော့ ပေါ်တူဂီက မော်ရိုကိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ။ပွဲချိန် ၄ မိနစ်မှာ ရော်နယ်ဒိုက ပေါ်တူဂီ အတွက် အဖိုးတန်သွင်းဂိုးကို သွင်းယူခဲ့တာပါ။ပေါ်တူဂီအနေဖြင့်ခံစစ်ကိုသာအသားပေးကစားခဲ့ရပြီး တန်ြန်တိုက်စစ်ကနေ ပြန်ကစားခဲ့ကြရတာပါ။ရော်နယ်ဒိုကလွဲရင်ပေါ်တူဂီရဲ့တိုက်စစ်ကစားသမားတွေ အဆုံးသတ်ပိုင်းညံ့ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးဆုများရှင် ရော်နယ်ဒို တစ်ယောက်ကတော့ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမှာ သွင်းယူခဲ့တဲ့ ဟက်ထရစ် ၃ ဂိုးဟာ သူ့ ဘောလုံးသမား ဘဝတလျှောက် ၅၁ ကြိမ်မြောက် ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၃ နှစ် ရက် ၁၃၀ ရက် အရွယ်နဲ့ ကမ္ဘာ့ဖလားမှာ အသက်အကြီးဆုံး ဟက်ထရစ် သွင်းသူ အဖြစ် လည်း မှတ်တမ်းဝင်သွားပါတယ်။

ရော်နယ်ဒိုဟာ ဥရောပသားထဲက တစ်ယောက်တည်းသော ကမ္ဘာ့အကောင်းဆုံး Ballon d'Or ၅ ဆုရှင်လည်း ဖြစ်သလို ဥရောပ ရွှေဖိနပ်ဆု ၄ ခါရဖူးတဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ကလပ် အသင်း မှာလည်း ဂိုး ၃၉၅ ဂိုးနဲ့ ဥရောပ ထိပ်တန်း လိဂ်တွေထဲမှာ ဂိုးအများဆုံး သွင်းယူထားသူလည်း ဖြစ်ပါတယ်။ရော်နယ်ကတော့ ယခုနှစ်ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု ယူနိုင်ဖို့ သွင်းဂိုး၄ ဂိုးနဲ့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။ 

photo : bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။