လက်ရှိ စွယ်စုံရအနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကိုအားလုံးချစ်မယ်ထင်ပါတယ်။

အနုပညာလောကမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ပျော်ရွှင်စရာမိသားစုလေးရဲ့ အဓိကပဲ့ကိုင်ရှင်တစ်ဦးလည်း ဖြစ်တာတွေ့ရပါတယ်။ 

ဒီကနေ့ ကျော်ကျော်ဗိုလ်ကတော့ သူ့ရဲ့လူမှုစာမျက်နှာပေါ်တွင် ချစ်သမီးလေးအတွက် ပျော်ရွှင်မှုတွေဖန်တီးပေးခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပျော်ရွှင်မှုလေးကတော့ ကျော်ကျော်ဗိုလ်ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ Ride On Myanmar အစီစဉ်လေးအတိုင်း သမီးဖြစ်သူကို ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။  

ကျော်ကျော်ဗိုလ်ရဲ့စာသားလေးကတော့

ဖေဖေ့အစီအစဉ်က “ Ride On Myanmar “

Ike အစီအစဉ်က " Ride On Daddy “ ဟူ၍ ချစ်စရာသမီးလေးနဲ့ ပုံရိပ်လေးတွေကိုပြသထားတာတွေ့ရပါတယ်။ လေးစားစရာ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသခဲ့တဲ့ ဒီကနေ့ ဓာတ်ပုံလေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Kyaw Kyaw Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။