အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာနေထိုင်တဲ့ လူငယ်တစ်ယောက်ဟာ မြင့်မားလာတဲ့ အိမ်ငှားစရိတ်တွေကြောင့် အိမ်ငှားနေထိုင်တဲ့ လမ်းစဉ်ကို စွန့်လွှတ်လိုက်ပါတယ်။ ဒီလို စွန့်လွှတ်လိုက်ပြီးနောက်ပိုင်းမှာ ဒီလူငယ်လေးဟာ ဗန်ကားထဲမှာပဲ နေထိုင်ခဲ့ပါတယ်။ အခုလို ဗန်ကားထဲမှာပဲ နေထိုင်လိုက်တဲ့အတွက် ဘယ်လိုအကျိုးအမြတ်တွေ ရသွားလဲဆိုတာ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်နော်။  

အသက်၂၄ နှစ်အရွယ်၇ှိပြီဖြစ်တဲ့ အဲလက်စ်ဟေးလ်ဟာ လန်ဒန်မြို့က အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူ့မှာ လည်း တစ်ခြား လူငယ်တွေနည်းတူ အိမ်မက်တစ်ခုရှိပါတယ်။ ဒီအိမ်မက်ကတော့ တစ်နေ့မှာ သူဟာ ဥရောပတိုက်ကို စက်ဘီးနဲ့ တစ်ပတ်ပတ်ပြီး ခရီးထွက်ဖို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း မြင့်မားလာတဲ့ အိမ်ငှားစရိတ်တွေက သူ့အိမ်မက်ကို တစ်စိတ်တစ်ပိုင်း နှောင့် ယှက်နေသလို ဖြစ်နေပါတယ်။  

ဒါ့ကြောင့်ပဲ သူဟာ အိမ်ဆက်ငှားမနေတော့ပဲ ဗန်ကားထဲမှာပဲ နေထိုင်ခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အကြီးမားဆုံး အခက်အခဲကတော့ အိမ်သာမပါရှိတာကြောင့် ညနေ ၇နာရီနောက်ပိုင်း ရေတောင်မသောက်တော့ဘူးလို့ သိရပါတယ်။ သူအခုလို ကားထဲမှာ နေထိုင်တာဟာ အင်္ဂလန်နိုင်ငံရဲ့ ဥပဒေနဲ့လည်း မငြိစွန်းတာကြောင့် အခက်အခဲသိပ်မရှိဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ အခုလို ဗန်ကားထဲမှာ နေထိုင်တဲ့အတွက်တစ်လကို အနည်းဆုံး စတာလင်ပေါင် ၁၀၀၀ (မြန်မာကျပ်ငွေ ၁၇ သိန်း) လောက် ပိုစုမိတယ်လို့ အဲလက်စ်က ပြောပါတယ်။

Source : Mrror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။