ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကတော့ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာရှိတဲ့ ကွန်ဂရက်စာကြည့်တိုက်ပဲ ဖြစ်ပါတယ်။ ၁၈၀၀ ခုနှစ်တည်းက စတင်ခဲ့တာဖြစ်ပါတယ်။ ၁၈၁၄ခုနှစ်မှာတော့ ဗြိတိန်စစ်သားတွေက ဒီစာကြည့်တိုက်ရဲ့ စုဆောင်းမှုတွေကို မီးရှို့ခဲ့ကြတဲ့အတွက် အသစ်ပြန်လည် စုဆောင်းခဲ့ရပါတယ်။

ဒီစာကြည့်တိုက်ဟာ ကမ္ဘာပေါ်မှာအကြီးဆုံးစာကြည့်တိုက်ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၃၈သန်းကျော် ၊ လက်ရေးမူ သန်း၇၀ကျော် ၊ ဓာတ်ပုံပေါင်း ၁၄သန်းကျော် ၊ မြေပုံပေါင်း ၅.၅သန်း ၊ recording ပေါင်း ၃.၆ သန်းကျော်နဲ့ အခြားစုဆောင်းမှုတွေလည်း များစွာရှိပါတယ်။ စာကြည့်တိုက်တစ်တိုက်ဆိုပေမယ့် အဆောက်အအုံကြီး သုံးခုကိုပေါင်းထားတာပါ။ 

ဒီစာကြည့်တိုက်ကြီးအတွက် ကုန်ကျစရိတ်စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ ၆၄၂သန်း ဖြစ်ပြီး ကြီးမားလွန်းတဲ့အတွက် ဝန်ထမ်းပေါင်း ၃၀၀၀ကျော်ကိုခန့်ထားရပါတယ်။ တစ်နှစ်ကို လူပေါင်း ၂သန်းနီးပါးလာရောက်လေ့ ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။