သမဝါယမချေးငွေ ၁၀ သိန်းပေးရန်အတွက် မိန်းမဖြစ်သူ၏အဒေါ်နှင့် ၃ နှစ်အရွယ်မိန်းကလေးကို မီးရှို့လူသတ်မှု မန္တလေးတွင် ဖြစ်ပွား
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်တွင် ဒေါ်နန်းခင်ထွေးဝင်းအမည်ရှိ အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူ မနန်းဝင်းရွှေရည်မှုံ အမည်ရှိ ၃ နှစ်အရွယ် ကလေးငယ်တို့ မီးရှို့သတ်ခံရမှု ဇန်နဝါရီ ၁၉ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသမီးကိုသတ်ပြီး ကလေးငယ်ကို မီးရှို့သတ်သူမှာ cctv မှတ်တမ်းများအရ သေဆုံးသူ၏ တူမဖြစ်သူ၏ ယောင်္ကျား၊ ဒုတိယနှစ်ကျောင်းသား ခိုင်ဝေ(၂၀)နှစ် ဆိုသူဖြစ်ပြီး သမဝါယမချေးငွေ ၁၀ သိန်း ပေးချေရန်အတွင် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူ၏ ထွက်ဆိုချက်မှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၆ ဇန်နဝါရီ ၁ဝရက်က ကိုခိုင်ဝေအား ဒေါ်နန်းခင်ထွေးဝင်းက စာရင်းလုပ်ကိုင်ရန် ခေါ်ယူသဖြင့် အတူနေထိုင်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် အဒေါ်ဖြစ်သူ၏ခင်ပွန်း အိမ်တွင်မရှိခိုက် ဒေါ်နန်းခင်ထွေးဝင်းအား ဓားဖြင့် အပိုင်းပိုင်းခုတ်ကာသတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၃ နှစ်အရွယ် ကလေးငယ်ဖြစ်သူ မနန်းဝင်းရွှေရည်မှုံကိုလည်း ထပ်မံသတ်ဖြတ်ခဲ့ပြီး အိတ်ထဲထည့်ကာမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်မှတ်တမ်းများအရ သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်မှုကျူးလွန်သူ ခိုင်ဝေ (၂၀)နှစ်အား မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းက(ပ)၅၅/၂၀၁၇ ရာဇသတ်ကြီးပုဒ် ၃၀၂/၄၃၆ အရ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Source: Crime
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။